Part [ 37 ] Zg + Uni

2.7K 98 1
                                    

<><><><><><><>  { Part - 37  }

ဒေါသတကြီး ချစ်စံ လက်ကို ကြည့်ပြီး ပြောနေတော့
ချစ်စံ လက်ကို ဦးဒိုင်း တစ်ခုခုလုပ်မှာ ကြောက်ပြီး
မျက်လုံးကို မမှိတ်တမှိတ် ချစ်စံ လုပ်ထားမိသည်။

" အာဘွား..... အာဘွား အဲ့ဒါ ငါ့ကို လုပ်ချင်အုံး
လက်ကလေး.... မှတ်ပြီလား ငါ့ကို လုပ်ချင်အုံး
အာဘွား..... အာဘွား...... အာဘွား ....
အာဘွား အဲ့ဒါ ငါ့နားရွက်ကို ဆွဲချင်အုံး မှတ်ပြီလား
လက်ကလေး...!!!  အာဘွား.... အာဘွား... အာဘွား "

ချစ်စံ ကသာ ဦးဒိုင်း တစ်​ခုခုလုပ်​မှာ ​ကြောက်​ပြီး
မျက်​လုံးကို အနည်းငယ်​ မှိတ်​ထားမိသည်​။ သို့​သော်
ဦးဒိုင်းက ချစ်​စံ ထင်​ထားသလို မဟုတ်​ဘဲ  ချစ်​စံ
လက်ကို အာဘွားပေးလိုက် မှတ်ပြီလား ​ပြောလိုက်
လုပ်နေတော့  ချစ်စံ ပြုံးလိုက်​မိသည်​။

" အရမ်းလှတယ် ကလေး,  ကလေး ပြုံး​နေတာလေးက "

ရီဝေစွာ စိုက်ကြည့်ပြီး ပြောလာသော ဦးဒိုင်း ကြောင့်
ပြုံးနေတာကို ချစ်စံ  ရပ်ပစ်​လိုက်သည်။

*********************

"   မာမီ,  စံစံနိုးဦး ကို မာမီ ပြောထားနော်
မနေ့ကလို ကျတော့် ကလေး ပါးကို လာရွယ်လို့ကတော့
မိန်းကလေး ဆိုပြီး ကျတော် ညှာမှာ မဟုတ်ဘူး "

ဒယ်ဒီ  company သွားတာတောင် ဒိုင်း မလိုက်နိုင်သေး
ဘဲ မာမီ ကို မှာနေရသည်။

ထိုအခါ သူ့ကို ကြည့်လာတဲ့ မာမီ ရဲ့ မျက်ဝန်းတွေက
အလိုမကျသလို ဖြစ်သွားခဲ့၏ ။

" ကောင်းပြီ သားဒိုင်း မာမီ မှာထားမယ်..... နောက်ပြီး
မင့် မိန်းမကိုလည်း မင်း  မှာထား  သမီးစံ ကို အရင်
ပြသနာလာမရှာဖို့.... "

"  ကျတော့် ကလေး က အရင်စတာ မဟုတ်ဘူး မာမီ...
မာမီ ရဲ့ လူကသာ အရင်စတာ ဒါကြောင့် ကျတော့်
ကလေးကို ကျတော် ဘာ မှာစရာမှမလိုဘူး "

အပြောနဲ့အတူ ဒေါ်သီရိ သူမ အခန်းထဲကနေ ထွက်သွားသော
ဒိုင်း ကို မကျေနပ်စွာကြည့်ပြီး ကျန်နေခဲ့တော့၏ ။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now