<><><><><><><> { Part - 27 }" မင်း သွားရောင်းစားထားတာ မဟုတ်လား ချစ်စံအိမ်
မင်း ဘာလို့ ဒီလို လုပ်ရတာလဲ ......
ငါ့မှာတော့ မင်းကို ယုံကြည်လိုက်ရတာ
ကံကောင်းလို့ပေါ့ စံစံ ပြောလို့ပေါ့ မဟုတ်ရင်
မင်း လို မိန်းမကို ငါ ယုံကြည်နေမိမှာ "" မစံစံ ပြောလို့ပေါ့ ဟုတ်လား ဦးဒိုင်း....
အဲ့ဒီလောက်ထိကို ချစ်စံ ထက် မစံစံ ကို
ပိုယုံကြည်နေတာပေါ့ ဒါဆိုရင် ချစ်စံ တို့ ကွာရှင်းလိုက်ရအောင်
ကိုယ့်ကို မယုံကြည်တဲ့ လူတစ်ယောက်နဲ့ ချစ်စံ
ဆက်မနေနိုင်ဘူး "ပြောရင်းနဲ့ ချစ်စံအိမ် ဗီရိုနား သွားကာ သူမ ဝယ်ထားတဲ့ ကွာရှင်းစာချုပ်ကို သွားယူ၏ ။
" ရော့ ဦးဒိုင်း လက်မှတ်ထိုးလိုက် ......ချစ်စံ ကတော့
ထိုးပြီးသွားပြီ "အနားရောက်လာပြီး ကွာရှင်းစာချုပ်နဲ့ ဘောလ်ပင် ကို ပေးလိုက်သော ချစ်စံအိမ် ကို ဒိုင်း ကြည့်ပြီး ရင်ထဲ အောင့်သက်သက် ဖြစ်သွားရသည်။
ဘယ်အချိန်ကတည်းက သူ့ ကို ကွာရှင်းချင်နေလဲ မသိ
လက်မှတ်တောင် ထိုးပြီးသွားပြီဆိုတော့ ဒိုင်း ဘာလုပ်ရမှန်း
မသိတော့ပါ။" ဦးဒိုင်း ချစ်စံ ကို အခုချက်ချင်း လက်မှတ်ထိုးပေး "
" ငါ ထိုးမပေးနိုင်ဘူး ချစ်စံအိမ် တစ်နှစ်မပြည့်သေးဘူး
နောက်ပြီး အဟောင်းဆိုင်ကို မင်း ဘာသွားလုပ်တာလဲ
.... အဟောင်းဆိုင် ကို မင်း ဘာသွားလုပ်တာလဲ
ချစ်စံအိမ် "" တော်တော့ ဦးဒိုင်း တစ်နှစ်မပြည့်တာကို အကြောင်းပြ
မနေနဲ့...... ချစ်စံ ကို ကွာရှင်းပေးလိုက်တော့ "အဟောင်းဆိုင်ကို ဘာသွားလုပ်တာလဲလို့ မေးလိုက်သော
ဦးဒိုင်း ကြောင့် ချစ်စံ စကားလမ်းကြောင်း လွှဲလိုက်မိသည်။
ဦးဒိုင်း နဲ့ အတူတူ နေလိုက်မိတဲ့အတွက် ချစ်စံ ကိုယ်ဝန်ရှိလာ
မှာစိုးပြီး မှားပြီးတဲ့ နှစ်ရက်လောက်နေ့မှာပဲ ချစ်စံ ဆေးရုံ
သွားစစ်ကြည့်မိသည်။ ထိုသို့ စစ်ကြည့်ဖို့ အတွက်လည်း
ချစ်စံ ပိုက်ဆံ အများကြီး လိုသည်။
YOU ARE READING
ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )
Romanceတစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လိုက်ရတဲ့ အခါ.....နောက်ပြီး သူ လက်ထပ်လိုက်ရတဲ့ ကလေးမလေးက သူ တွဲခဲ့တဲ့ ရည်းစားတွေထက် ရုပ်ဆိုးပြီး ပုံတ...