<><><><><><><> { Part - 44 }" ငါ့ အမေကို သတ်တာ နင်တို့ပေါ့ "
အနားကို ရောက်လာပြီး ပြောလိုက်သော
ဒေါ်သီရိ ကို စံစံနိုးဦး နဲ့ ဒေါ်မာလာ တို့ကြည့်ပြီး
မျက်လုံးတွေ ပြူးသွားကြသည်။" ဟင်..... သီရိ နင့်က ဘယ်..က..ဘယ်..လို..???? "
" မေမေ....မေမေ ဘယ်လိုရောက်လာတာလဲဟင်....??? "
သူတို့ နှစ်ယောက်ရဲ့ တအံ့တဩမေးခွန်းတွေကို ဒေါ်သီရိ
နှုတ်ခမ်းတစ်ချက်ကိုက်ပြီး မဲ့ပစ်လိုက်ကာ........." နင်တို့ကို ငါ ယုံကြည်ခဲ့သမျှ အလကားပဲ
ကံကောင်းလို့ပေါ့ ကားပေါ်မှာ နင့် သမီး လိမ်းဆေးဘူး
လေးကျန်နေခဲ့လို့ ငါ လာပေးတာ ငါ သာ လာမပေးရင်
နင်တို့ရဲ့ စရိုက်တွေကို သိမှာမဟုတ်ဘူး.....ဒါတောင်
ငါ ဒီကိုရောက်လာတော့ နင့်သမီးပါးစပ်က ငါ့ အမေကို
သတ်သလို ချစ်စံအိမ် ကိုသတ်လိုက်ရအောင်ဆိုတဲ့
စကား ကြားကြားချင်း ငါ မယုံကြည်နိုင်သေးဘူး
အဲ့ဒီလောက်ထိကို နင်နဲ့ နင့်သမီးကို ငါ ယုံကြည်နေခဲ့
တာ နောက်တော့မှ နင့် ပါးစပ်က ပြောလိုက်ရော
ငါ ဘဝကြီး ပျက်စီးသွားသလိုပဲ......ဘာလို့လဲ
မာလာ နင့် အပေါ်မှာ ငါ ဒီလောက် ကောင်းခဲ့တာ
တောင် ငါ့ အမေကို နင် ဘာလို့ သတ်ပစ်ရတာလဲ
သူ့က နင့်ကို ဘာတွေ လုပ်နေလို့  နင်
သတ်ပစ်ရတာလဲ "" စံစံနိုးဦး ညည်းကို ငါ့ သမီးအရင်းတစ်ယောက်လို
သဘောထားတာ သိရက်နဲ့ ဘာလို့  ငါ့ အမေကို
ညည်း သတ်ရတာလဲ. ...ပြောစမ်း ဘာလို့ သတ်
ရတာလဲ နင်တို့ နှစ်ယောက်.. ....ပြောလေ
ငါ မေးနေတယ်....!!!!! ဘာလို့ သတ်ရတာလဲ...?? "အံကြိတ်ပြီး မေးနေတဲ့ ဒေါ်သီရိ ကို စံစံနိုးဦး နဲ့
ဒေါ်မာလာ တို့ ကြည့်ပြီး ဘယ်လို အဖြေပေးရမှန်း
မသိခဲ့ပါ။" ပြောလေ .....!!! ငါ့ အမေကို နင်တို့
ဘာလို့ သတ်ရတာလဲ.......???
ငါ့ အမေ က နင်တို့ကို ဘာလုပ်လို့ နင်တို့
ငါ့ အမေကို သတ်ပစ်ရတာလဲ ....??? ငါ ဒီလောက်
နင်တို့ နှစ်ယောက် အပေါ်ကို မိသားစုလို ဆက်ဆံပေးခဲ့တာတောင် နင်တို့ ငါ့ အပေါ်ကို လုပ်ရက်ကြတယ် ......ကိုစစ်မာန် နဲ့ ငါ့ သားဒိုင်း ရဲ့ လူသတ်သမားက နင်တို့ နှစ်ယောက်ဆိုတဲ့
စကားကိုတောင် ငါ မယုံကြည်ဘဲ နင်တို့
နှစ်ယောက်ဘက်မှာပဲ မားမားမတ်မတ်
ရပ်တည်ပေးခဲ့တယ် ဒီကြားထဲ လူသတ်သမားကို
ချစ်စံအိမ် လို့ စွပ်စွဲရလောက်တဲ့ အထိ နင်တို့
ဘက်မှာ ငါ ရှိနေပေးခဲ့တယ် အဲ့ဒါကို နင်တို့ ဘာလို့
ငါ့ အပေါ် ဒီလို လုပ်ရက်ရတာလဲ... ..ဖြေလေ
ငါ ဒီလောက် နင်တို့ အပေါ် ကောင်းခဲ့လျက်နဲ့
ငါ့ အမေကို နင်တို့ ဘာလို့ သတ်ရတာလဲ.....
ငါ ပြောတာကြားလား....??
ဘာလို့ သတ်ရတာလဲလို့းးးးးးးးးးးး......"
YOU ARE READING
ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )
Romanceတစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လိုက်ရတဲ့ အခါ.....နောက်ပြီး သူ လက်ထပ်လိုက်ရတဲ့ ကလေးမလေးက သူ တွဲခဲ့တဲ့ ရည်းစားတွေထက် ရုပ်ဆိုးပြီး ပုံတ...