Part [ 50 ] Zg + Uni

2.6K 85 0
                                    

<><><><><><><>  { Part - 50  }

ဒေါ်သီရိ အတွက် လိုအပ်တဲ့ ပစ္စည်းတွေ city mart
မှာ သွားဝယ်ဖို့ ချစ်စံအိမ် လမ်းဖြတ်အကူး
အရှိန်နဲ့ မောင်းလာတဲ့ ကားအနက်ကြီး တစ်စီးကြောင့်
ခပ်လှမ်းလှမ်းမှာ ကားရပ်ပြီး ကျန်နေခဲ့တဲ့
နေမင်းမောင် တစ်ယောက် မြင်သွား၍
မျက်လုံးပြူးသွားခဲ့၏ ။

တစ်စတစ်စ နဲ့ ချစ်စံအိမ် ကို တိုက်ဖို့ နီးကပ်လာတဲ့
ကားကြောင့်  နေမင်းမောင် ကြည့်နေရင်းနဲ့ ပြာသွားကာ
အသိဝင်လာတော့ ချက်ချင်း အော်ပြော၏

"   ချစ်စံ....ကား ...!!!!!  ရှေ့မှာကား....
သတိထား ချစ်​စံ..!!! သတိထားးးးးးးးးးးးး.......!!!!"

" ကျွီ "

" အမယ်လေး.... .!!!!!"

" အား.....!!!!!!! "

နေမင်းမောင် အော်သံကြောင့်  တိုက်​ခံနီး
ကပ်လျက်လေးအလိုမှာ ချစ်စံအိမ် ရှောင်နိုင်ခဲ့ပေမဲ့လည်း
အရှောင်လွန်​ပြီး သူမ ကိုယ်လေးက ကတ္တရာ
လမ်းမထက်က ​ဘောင်​​ပေါ်ကို အရှိန်နဲ့  လဲကျသွားခဲ့၏ ။

" ချစ်စံ နင် ဘာဖြစ်သွားသေးလဲ ရရဲ့လား "

လဲကျသွားတဲ့ သူမ အနားကို နေမင်းမောင် ရောက်လာပြီး
လာထူအပေး တစ်စတစ်စနဲ့ စီးဆင်းလာတဲ့
သွေးတွေကို ချစ်စံအိမ် မြင်လိုက်ရတော့ မျက်လုံး
ပြူးသွား၏ ။

" ဟင်  .......သွေးတွေ..... !!! ​သွေးတွေ....!!!!!
ငါ ဗိုက်ထဲက ကလေးလေး...က​လေး​လေးးးးးးးးးးးးးး
.....အီးဟီး.... အင့်ဟင့် ......အင့်ဟင့်......
အင့်ဟင့် "

အော်သံကြီးအဆုံး ငိုသံတွေနဲ့အတူ သွေးအိုင်ထဲမှာ
ချစ်စံအိမ် မေ့လဲသွားတော့၏ ။
ချစ်စံအိမ် နည်းတူ နေမင်းမောင် လည်း သွေးတွေကို
မြင်လိုက်ရ၍ အထိတ်တလန့်ဖြစ်သွားလေသည်။

****************************

" ဆရာမ ချစ်စံ ဗိုက်ထဲက ကလေးလေး ဘာဖြစ်သွား
သေးလဲ..... ဘာဖြစ်သွားသေးလဲဟင် ဆရာမ "

နိုးလာတာနဲ့ ဆေးပုလင်းချိတ်ပေးနေတဲ့ နာ့စ်မ
ကို အတင်းအကြပ်မေးနေသော ချစ်စံအိမ်
ကြောင့် အနားက နေမင်းမောင် မှာ မျက်နှာမကောင်း
ဖြစ်နေလေသည်။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now