<><><><><><><> { Part - 4 }" ချစ်စံအိမ် လာခဲ့..... ဒီအပေါ်ကို လာခဲ့.....
ငါ ပြောတာကြားလား လာခဲ့လို့ ...!!!"မျက်စပစ်ပြီး သူ ခေါ်တာကို ချစ်စံအိမ် က ကြည့်ပဲကြည့်နေတော့
ဒိုင်း စိတ်မရှည်တော့ပါ။ ဒါကြောင့် သူရဲ့ လက်ကပါ
ကုတင်ပေါ် လာခဲ့ဖို့ ခေါ်နေပြီး သူ့ ပါးစပ်ကလည်း
တိုးတိုး တိုးတိုး နဲ့ ကုတင်ပေါ် လာခဲ့ဖို့ ပြောနေခဲ့သည်။" အခန်းတံခါးက လော့ခ်ျ မချထားဘူးပဲ
မြေးလေး...... ဒါဆို ဘွား ဝင်လာပြီနော် "ထိုအချိန် အပြင်ကနေ ပြောလိုက်သော သူ့ အဘွား
စကားကြောင့် ဒိုင်း မျက်လုံးအစုံက ပြူးကျယ်သွားကာ
တံခါးလက်ကိုင်ဘုခ် ကို လှည့်လိုက်သော အသံကြောင့်
ချက်ချင်းဆိုသလို သူ ကုတင်ပေါ်ကနေ အမြန်ဆင်းကာ
ချစ်စံအိမ် ကိုယ်လေးကို အမြန်သွားပွေ့ချီလေသည်။
ဒါတင်မကသေး သူ့ ကုတင်အောက်နားမှာ ခင်းထား
သော ချစ်စံအိမ် ခေါင်းအုံး ၊ စောင်တွေကိုပါ
ချစ်စံအိမ် ကို ပွေ့ချီရင်းနဲ့ သူ တစ်ခါတည်း ယူလာ
ခဲ့သည်။" မြေးလေး နဲ့ မြေးမလေး အဲ့တာဘာလုပ်နေကြတာလဲ..??
နောက်ပြီး စောင်တွေ၊ ခေါင်းတွေကရော ဘာလို့
ဖရိုဖရဲ ဖြစ်နေတာလဲ "အခန်းထဲကို ဝင်လာသော ဘွားခင် ခမျာ ကုတင်ပေါ်မှာ
ဒိုင်း က ချစ်စံအိမ်ကို ပွေ့ချီထားပြီး ဒါ့အပြင် သူတို့
ဘေးနားမှာလည်း စောင်တွေ၊ ခေါင်းအုံး တွေက
ဖရိုဖရဲ ဖြစ်နေတာကို တွေ့လိုက်ရတော့ မေးလေသည်။" ချစ်စံ နဲ့ ကျတော် က ကုတင်ပေါ်မှာ ခေါင်းအုံးနဲ့ ထုတမ်း
ကစားကြနေလို့ပါ ဘွား...... ဟုတ်တယ်မလား
ချစ်စံ "" ဟုတ် ဦးဒိုင်း ..... "
ချစ်စံ ကိုယ်လေးကို ဦးဒိုင်း က ပွေ့ချီထားရင်းကနေ
ချစ်စံ ကို သူ ပြောတာကို ထောက်ခံဖို့ မျက်စိမှိတ်
ပြနေတော့ ချစ်စံ အမြန်ထောက်ခံလိုက်ရသည်။ဒိုင်း စကားကို ချစ်စံအိမ် က ထောက်ခံလိုက်တာနဲ့
တစ်ပြိုင်နက် ချစ်စံအိမ် ကိုယ်လေးကို
ဒိုင်း က ကုတင်ပေါ် အသာအယာချပေးလိုက်သည်။
ထိုသို့ ချပေးနေတဲ့တော်အတွင်း ဒိုင်း မျက်နှာလေးကို
ချစ်စံအိမ် ငေးကြည့်ပြီး ရင်တွေခုန်နေခဲ့သည်။
YOU ARE READING
ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )
Romanceတစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လိုက်ရတဲ့ အခါ.....နောက်ပြီး သူ လက်ထပ်လိုက်ရတဲ့ ကလေးမလေးက သူ တွဲခဲ့တဲ့ ရည်းစားတွေထက် ရုပ်ဆိုးပြီး ပုံတ...