Part [ 42 ] Zg + Uni

2.2K 94 1
                                    

<><><><><><><> { Part - 42 }

" အန်တီသီရိ အဲ့ဒါ ဘာလုပ်ထားတာလဲ
ချစ်စံ အဝတ်အစားတွေကို.... ..."

" ဗွမ်း. ......"

မေးလိုက်တဲ့ စကားအဆုံး အပေါ်ထပ်ကနေ
ရေပုံးအကြီးကြီးနဲ့ ဒေါ်သီရိ လောင်းချတာကို
ချစ်စံအိမ် ခံလိုက်ရ၏ ။

ထိုအခါ သူမ တစ်ကိုယ်လုံး စိုရွှဲသွားပြီး ကြွက်စုတ်လေး
လို ဖြစ်သွားတော့သည်။

" ချစ်စံအိမ် အခုချက်ချင်း ညည်း ငါ့ အိမ်ကနေ
ထွက်သွားစမ်း...... သူခိုးမ အခုချက်ချင်း
ငါ့ အိမ်ထဲကနေ ထွက်သွားစမ်း "

" သူခိုးမ ဟုတ်လား အန်တီသီရိ .... ချစ်စံ
က ဘာကို ခိုးလို့ သူခိုးမ ပြောရတာလဲ "

" ဗြောင်မလိမ်ချင်စမ်းနဲ့ ချစ်စံအိမ် ညည်း မနေ့က
ငါ့ အခန်းထဲ သန့်ရှင်းရေး လာလုပ်တုန်း
ငါ့ လက်ဝတ်ရတနာတွေကို အတုနဲ့ အစစ်
လဲလိုက်တာ ငါ မသိဘူး ထင်မနေနဲ့  "

" ဘာ ....လက်ဝတ်ရတနာတွေကို အတုနဲ့ အစစ်
လဲလိုက်တယ် ဟုတ်လား ...ဒီမှာ အန်တီသီရိ ....
အန်​တီသီရိ ဦးနှောက် သုံးပြီး သေသေချာချာ လေး စဉ်းစားကြည့်ရင် ကောင်းမယ်နော်
ချစ်စံ က ဘာလို့ လဲရမှာလဲ... လဲရအောင်လည်း
ချစ်စံ က ငမွဲမဟုတ်ဘူး ချစ်စံ ဘွားဘွား ပေးတဲ့
အမွေတွေ နဲ့ တောင် ဒီတစ်သက်စားလို့မကုန်ဘူး
အဲ့ဒါကို ချစ်စံ က ဘာလို့ လဲရမှာလဲ
နောက်ပြီး အချိန်တစ်ရက်တည်းနဲ့ အတုနဲ့အစစ်ကို
ချစ်စံ လဲတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား
အန်တီသီရိ သာ အသိဥာဏ် ရှိမယ်ဆိုရင် တွေးတတ်မယ်ထင်ပါတယ် ချစ်စံ မလဲဘူးဆိုတာကို....
ချစ်စံ ကို မုန်းတာနဲ့ပဲ ချစ်စံ ယူတယ်မထင်နဲ့ အန်တီသီရိ ...အမှောင်ဖုံးနေတဲ့ အန်တီသီရိ
မျက်လုံးတွေကို ဖွင့်ကြည့်လိုက်မယ်ဆိုရင်
တကယ်တမ်း ယူတဲ့သူက မစံစံ ဆိုတာ အန်တီသီရိ
သိသင့်လောက်ပါတယ်နော် "

မျက်နှာပေါ်က ရေတွေကို ဖယ်ရှားရင်းနဲ့ ပြောလိုက်တဲ့
ချစ်စံအိမ် စကားအဆုံး စံစံနိုးဦး မျက်နှာက ပျက်သွား
ခဲ့သည်။

" ချစ်စံအိမ် နင် ခိုးထားတာကို ငါ့ကို လာပြီး
စွပ်စွဲမနေနဲ့..... နင့် အကြောင်းကို ငါမသိဘူး
ထင်နေတာလား....?? မနေ့က နင် အန်တီသီရိ
အခန်းထဲကို ဝင်ပြီး သန့်ရှင်းရေးလုပ်တာလေ
ဒါကြောင့် မေမေ ရဲ့ လက်ဝတ်ရတနာတွေကို
အတုနဲ့ အစစ် လဲလိုက်တာက နင်ပဲ "

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now