Part [ 45 ] Zg + Uni

2.6K 96 0
                                    

<><><><><><><>  { Part - 45  }

ထိုအချိန် ဒေါ်မာလာ နဲ့ စံစံနိုးဦးတို့  ရောက်လာတာကို
ဒိုင်း မြင်လိုက်ရတော့  ချက်​ချင်းထလာပြီး
စံစံနိုးဦး လက်ကို အတင်းသွားဆွဲကာ သူ့ အမေ နားကို
ခေါ်လာခဲ့၏ ။

" မာမီ. ....မာမီ ကို အခုလို ဖြစ်အောင် စံစံနိုးဦး
လုပ်တာမလား.. ..???  ဒီမိန်းမ လုပ်တာမလား မာမီ
ပြောလေ မာမီ.. ....အားယူပြီး ကျတော့် ကို
ပြောပြပေးပါ...... ပြောလေ မာမီ...!!!!
ဒီမိန်းမ လုပ်တာလို့ ကျတော့်ကို ပြော..... .!!!
အခုဘဲ သူ့ကို ကျတော် ထောင်ထဲ ထည့်ပေးမယ် "

ဒိုင်း စကားကြောင့် ဒေါ်သီရိ ခမျာ လှုပ်လှုပ်ရှားရှားဖြစ်သွား
ပြီး ချက်ချင်းဆိုသလို ........

"  ဟာ... ဟာ. ..ဟာ.. ...ဘာ.... ဘာ... ဘာ
.......ဘာ.. ....ဘာ "

" မာမီ....!!!! "

ဒိုင်း သူ့  မာမီ ကအောက်ပိုင်းသေတဲ့အပြင်  စကားပါ
မပြောနိုင်တော့ သူ့ မျက်လုံးအစုံက ပြူးကျယ်သွားပြီး
ပါးစပ်ကလည်း အထိတ်တလန့်အော်ခေါ်မိသွားသည်။

" သီရိ....!!!! "

" အန်တီသီရိ....!!!!!! "

" အန်တီသီရိ......!!! "

ဦးစစ်မာန်၊  ချစ်စံအိမ် ၊ တန်ခိုး နဲ့ နေမင်းမောင် တို့ရဲ့
အော်ခေါ်သံကလည်း ထိတ်လန့်စရာပင်....။

အနားက ဒေါ်မာလာ နဲ့  စံစံနိုးဦး ကမူ စိတ်ထဲမှာ အရမ်းတွေ
ကျေနပ်နေကြသည်။ သို့သော် ကျေနပ်နေတဲ့ သူတို့မျက်နှာ
ကို​တော့ အပြင်ဘက်မှာ ထုတ်ဖော်မပြခဲ့ပါ။

အစကတည်းက ဒေါ်သီရိ က သူတို့ ဘက်မှာ ရှိနေပေးတဲ့
အတွက် ဒေါ်သီရိ ကို သူတို့ နှစ်ယောက် မသတ်ရက်ကြပါ။
ဦးမင်းဒင် ကို အကူအညီတောင်းကတည်းက
ဒေါ်သီရိကို မသေရုံတမယ် ဖြစ်အောင် လုပ်ပေးပြီး
သူမတို့ နှစ်ယောက်ကို လူသတ်သမားလို့ မပြောနိုင်ရုံ
လောက်ပဲ လုပ်ခိုင်းခြင်းပင်....။ ဒါကြောင့်လည်း
ဦးမင်းဒင် က ဒေါ်သီရိ သွေးထွက်လွန်ပြီး မေ့နေတဲ့
အချိန်မှာ ဆေးတစ်မျိုး ထိုးသွင်း​ပေးခဲ့သည်။ ထိုဆေးက
အာရုံကြော​တွေကို ထုံထိုင်းစေပြီး စကားမပြောနိုင်တဲ့
ဆေးပင်...။  ဒီအတွက်ကြောင့်လည်း ဒေါ်သီရိ
သတိပြန်ရလာတာကို သူမတို့ နှစ်ယောက် မြင်လျက်သား
နဲ့ တုန်လှုပ်မသွားတာပင်......။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Donde viven las historias. Descúbrelo ahora