<><><><><><><> { Part -2 }" ဦးဒိုင်း...... ချစ်စံလေ ဦးဒိုင်း ကို
တစ်ခုလောက်မေးချင်လို့ "" မေးတာက မေးလို့ရပါတယ် ဒါနဲ့ မင်း နာမည်က
ချစ်စံအိမ် နော် "" ဟုတ်ကဲ့ ဦးဒိုင်း "
" ဒါဆို ငါ့ နာမည်အပြည့်အစုံကိုရော မင်း သိလား
ချစ်စံအိမ် "" ဟုတ်ကဲ့ သိပါတယ် ဦးဒိုင်း နာမည်အပြည့်အစုံက
ဦးမာန်ဒိုင်းလျှံ ပါ "" အင်း..... မှန်တယ် ဒါဆို မင်းနဲ့ ငါနဲ့ တစ်ယောက်
နာမည် တစ်ယောက် သိသွားပြီဆိုတော့ ငါ မင်းကို
အမှန်အတိုင်းပဲ ပွင့်ပွင့်လင်းလင်း ပြောတော့မယ် ချစ်စံအိမ်
ငါ မင်းကို လက်မထပ်ချင်ဘူး "" ရှင်....!!! "
" ဒါပေမဲ့ ငါ မင်းကို လက်မထပ်ချင်ပေမဲ့ ငါ့ အဘွား
မှာ ရောဂါရှိနေတယ် ဒါကြောင့် မင်းနဲ့ လက်ထပ်မှာကို
ငါ မငြင်းဆန်နိုင်ဘူး ......နောက်ပြီး မင်းလည်း ငါ့လိုပဲ
မင်း အဘွား ကို မငြင်းဆန်နိုင်ဘူးမလား "" ဟုတ်ကဲ့ ဦးဒိုင်း "
ဦးဒိုင်း ပြောတာမှန်နေတော့ ချစ်စံ ခေါင်းငြိမ့်ပြလိုက်မိသည်။
ရင်ထဲမှာတော့ ချစ်စံကို လက်မထပ်ချင်ဘူးဆိုတဲ့
ဦးဒိုင်း စကားကြောင့် ဝမ်းနည်းနေမိသည်။" ချစ်စံအိမ် မင်းလည်း ငြင်းမရမဲ့တူတူ
ငါ့လည်း ငါ့အဘွားရောဂါကြောင့် ငြင်းမရမဲ့တူတူ
ငါတို့ နှစ်ယောက်စလုံး လက်ထပ်ရအောင်
ဒါပေမဲ့ အဲ့ဒီလက်ထပ်မှုက ဟန်ဆောင်လက်ထပ်မှုပဲ
တစ်နှစ်ပြည့်လို့ရှိရင် မင်းနဲ့ ငါနဲ့ ကွာရှင်းကြမယ်
နောက်ပြီး မင်း အတွက်လည်း မနစ်နာစေရပါဘူး
ငါ့ ဇနီးအဖြစ် ဟန်ဆောင်ပေးတဲ့တစ်နှစ်အတွက်
လည်း ငါ မင်းကို ဘယ်လောက်ပေးရမလဲ...?? "" ရှင်.......!!! "
ဒိုင်း သူ့ စကားကြောင့် မျက်လုံးလေး ပြူးသွားတဲ့
ချစ်စံအိမ် ကို ကြည့်ပြီး တစ်ချက်လောက် ပြုံးလိုက်
မိသည်။" အံ့ဩစရာ တစ်ခုမှ မပါဘူး ချစ်စံအိမ်
မင်းကို တစ်နှစ်ပဲ ငါ လက်ထပ်မှာမလို့
မင်းအတွက် နစ်နာကြေး ဘယ်လောက်ပေးရမလဲ ပြော
တာ..... "
YOU ARE READING
ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )
Romanceတစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လိုက်ရတဲ့ အခါ.....နောက်ပြီး သူ လက်ထပ်လိုက်ရတဲ့ ကလေးမလေးက သူ တွဲခဲ့တဲ့ ရည်းစားတွေထက် ရုပ်ဆိုးပြီး ပုံတ...