<><><><><><><> { Part - 34 }" ဟဲလို..... ဦးမင်းဒင် ခင်ဗျား ကျတော့် ကို စံစံနိုးဦး
နဲ့ ပတ်သက်ပြီး ပြောစရာရှိတယ်ဆို အဲ့ဒါ အခု
ခင်ဗျား ပြောတဲ့ Love Cafe ဆိုင်ရှေ့ကို ကျတော်
ရောက်နေပြီ ခင်ဗျားက ဘယ်မှာလဲ ဦးမင်းဒင် "ဖုန်းထဲက ကြားလိုက်ရသော မာန်ဒိုင်းလျှံ အသံကြောင့်
စံစံနိုးဦး မျက်လုံးပြူးသွားခဲ့၏။ ထိုအချိန် ဆိုင်ရှေ့မှာ
ကားရပ်ပြီး ဖုန်းတစ်ဖက်နဲ့ ကားပေါ်ကနေ ဆင်းလာသော
ဒိုင်း ကို စံစံနိုးဦး မြင်လိုက်ရတဲ့အချိန် သူမ မျက်နှာက
သွေးမရှိတော့သလို ဖြူဖတ်ဖြူရော် ဖြစ်လို့သွားခဲ့၏ ။
ဒါကို ဘေးနားက ဦးမင်းဒင် ကြည့်ပြီး သဘောကျကာ
ပြုံးနေခဲ့၏ ။" ဟဲလို..... ဦးမင်းဒင် ခင်ဗျား ဘယ်မှာလဲ...??
ကျတော် ရောက်နေပြီ ခင်ဗျား ဘယ်မှာလဲ...??
ဦးမင်းဒင်...!!! "ဖုန်းထဲက ဒိုင်း မေးတာကို မဖြေပေးဖို့ ဘေးနားက
နေ စံစံနိုးဦး မျက်နှာရိပ် မျက်နှာကဲနဲ့ ဦးမင်းဒင် ကို
ပြောနေလေသည်။ ဒါကို ဦးမင်းဒင် ကြည့်ပြီး
သဘောကျစွာ ပြုံးလိုက်ကာ ငါနဲ့ အိပ်မလားဆိုပြီး
မေးငေါ့တဲ့ အကြည့်နဲ့ စံစံနိးဦးကို ထပ်မေးပြန်၏ ။စံစံနိုးဦး မအိပ်ချင်ပေမဲ့လည်း သက်သေက ဦးမင်းဒင် လက်ထဲ
မှာရှိတာက တစ်ကြောင်း ၊ နောက်ပြီး ဖုန်းထဲကနေ ဒိုင်း
ဇွတ်တွေ မေးနေတာကို စံစံနိုးဦး သွေးပျက်တာက
တစ်ကြောင်းနဲ့ အိုကေဆိုတဲ့ sign လေးလုပ်ပြီး ခေါင်းတဆက်ဆက် ငြိမ့်ကာ အိပ်မယ်ဆိုပြီး ဦးမင်းဒင် ကို
စံစံနိုးဦး သဘောတူလိုက်ရသည်။************************
" ဒါဆို ဒိုင်း , မင်း သွားတော့ အဲ့ဒီဆိုင်မှာ ဘယ်သူ့မှ
မရှိဘူးပေါ့ "" အေး..... တန်ခိုး အဲ့ဒီ ဦးမင်းဒင် ဆိုတဲ့လူက ငါ့ကို
စံစံနိုးဦး နဲ့ ပတ်သက်တဲ့ လျို့ဝှက်ချက်
ပြောပြမယ်ဆိုပြီး ဖုန်းဆက်ချိန်းလို့ ငါ သွားတော့
သူ့က ရောက်မလာခဲ့ဘူး .........
မင်းဇော် ဒါနဲ့ စံစံနိုးဦး အကြောင်း မင်း စုံစမ်းတာ ဘယ်ထိရောက်ပြီလဲ..... "
YOU ARE READING
ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )
Romanceတစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လိုက်ရတဲ့ အခါ.....နောက်ပြီး သူ လက်ထပ်လိုက်ရတဲ့ ကလေးမလေးက သူ တွဲခဲ့တဲ့ ရည်းစားတွေထက် ရုပ်ဆိုးပြီး ပုံတ...