Part [ 36 ] Zg + Uni

3.1K 106 1
                                    

<><><><><><><>  { Part - 36  }

" အန်တီသီရိ  , ဦးဒိုင်း ကို မစံစံ နဲ့ လက်ထပ်ဖို့
အတင်းတွေ တိုက်တွန်း မနေနဲ့  ဘာလို့ဆို
ချစ်စံ ဗိုက်ထဲက ကလေးက ဦးဒိုင်း ကလေး.....
ဒါကြောင့်  ဦးဒိုင်း ကို ချစ်စံ ကွာရှင်းမပေးနိုင်ဘူး
နောက်ပြီး ချစ်စံ ဗိုက်ထဲက ကလေးအဖေက ဦးဒိုင်း ပဲ ဖြစ်တဲ့အတွက် ဦးဒိုင်း ကို  မစံစံ နဲ့ သဘောတူနေတာ
ရပ်လိုက်တော့...!!!  မဟုတ်ရင် ချစ်စံ အဆိုးမဆိုနဲ့
အန်တီသီရိ "

ဘေးနားက ဒိုင်း မှာ ချစ်စံအိမ် စကားကြောင့် မျက်လုံး
တွေ ပြူးသွားပြီး နှုတ်ခမ်းတစ်စုံက ကွေးညွတ်သွား
တော့၏ ။

" မယုံဘူး ချစ်စံအိမ် .....ညည်း  ဗိုက်ထဲက
ကလေးက ငါ့ သား ကိုယ်ဝန်ဆိုတာ ငါ လုံးဝ
မယုံဘူး "

" အန်တီသီရိ ယုံဖို့မလိုပါဘူး  ဦးဒိုင်း ယုံဖို့ပဲ
လိုတာ ....ဘယ်လိုလဲ ဦးဒိုင်း  ချစ်စံ ပြောတာကို
ယုံရဲ့လား "

" ယုံတယ် ကလေး...... ကလေး ​ပြောတာကို ကိုယ်
လုံးဝယုံတယ် "

ခေါင်းတဆက်ဆက် ငြိမ့်ပြီး  ယုံတယ်ပြောနေသော
ဒိုင်း ကို ဒေါ်သီရိ နဲ့ စံစံနိုးဦး ကြည့်ပြီး မျက်နှာတွေ
ပျက်လို့သွားကြသည်။

ဦးစစ်မာန်၊  တန်ခိုး နဲ့ ​နေမင်း  တို့ကမူ ချစ်စံအိမ် နဲ့
ဒိုင်း  ကို ကြည့်ပြီး ပြုံးနေကြ၏ ။

**************************

" တောင်းပန်ပါတယ် ကလေး....... ကိုယ် တောင်းပန်ပါတယ်
ကလေး နဲ့ အတူတူနေပြီး ကိုယ် မမှတ်မိခဲ့တဲ့အတွက်
က​လေး ကို ကိုယ် တောင်းပန်ပါတယ်
နောက်ပြီး နေမင်းမောင် နဲ့ ရတဲ့ ကိုယ်ဝန်လားလို့
မေးခဲ့မိတဲ့အတွက်လည်း ကိုယ် တောင်းပန်ပါတယ်
ဒါကြောင့် သေခါနီးပြီး အချိန်မစီးတဲ့ ဒီကောင်ဆိုးကြီး
ကို ခွင့်လွှတ်ပေးပါနော်  "

ချစ်စံ လက်လေးကို တယုတယ ဆုပ်ကိုင်ပြီး တောင်းပန်
နေတဲ့ ဦးဒိုင်း ကို ချစ်စံ ကြည့်ပြီး မျက်လုံးပြူးသွားမိသည်။
တောင်းပန်ဖို့  ခဲယဉ်းတတ်တဲ့ ဦးဒိုင်း လိုလူက ထူးထူးခြားခြား
ချစ်စံ ကို လာတောင်းပန်နေတော့ လူက မယုံချင်သလို
ဖြစ်သွားမိသည်။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now