Part [ 5 ] Zg + Uni

3.7K 148 3
                                    

<><><><><><><>  { Part - 5  }

" ကျေးဇူးပါ ဦးဒိုင်း... ...ဦးဒိုင်း ကို ကျေးဇူးတင်ပါတယ် "

မျက်လုံး စပ်တာသက်သာတာနဲ့ ချစ်စံအိမ် သူမ မျက်လုံးကို
ချက်​ချင်းဖွင့်လိုက်ကာ ဒိုင်း ကို အရင်​ဦးဆုံး​ကျေးဇူးတင်လေသည်။

ထိုအခါ ဒိုင်း က တဘတ်ကို ရင်လျားလုပ်ပြီး
ပတ်ထားတဲ့ ချစ်စံအိမ် ရဲ့ အပေါ်ပိုင်းကို ကြည့်
နေ​လေသည်။  ဒါကို ချစ်စံအိမ် မြင်သွားပြီး
ချက်​ချင်းဆိုသလို သူမ ရင်ဘတ်ကို လက်နဲ့
အမြန်ကာလိုက်သည်။ ဒါကို ဒိုင်း အလိုမကျဖြစ်​ကာ
မျက်​နှာကြီး ရှူံ့ မဲ့သွားပြီး........

" ကာစရာမလိုဘူး ချစ်စံအိမ်.....မင်း တစ်ကိုယ်လုံး
ချွတ်ပြရင်တောင် ငါ မင်းကို ရင်မခုန်ဘူး "

ပြောပြီး ထွက်သွားသော ဦးဒိုင်း ကြောင့် နေရာမှာတင်
ချစ်စံ ထိုင်ချလိုက်မိသည်။  ဟုတ်တာပေါ့ ဦးဒိုင်း က
ချစ်စံ လို ပုံတုံးပြီး ရုပ်ရင့်နေတဲ့ မိန်းမကို ဘယ်ရင်ခုန်
မလဲ.. ..။  နောက်ပြီး ချစ်စံ က ဝက ဝသေးသည်။
ဒီတော့ ဦးဒိုင်း ရင်မခုန်တာ မဆန်းပါဘူး....။

*******************

"  ဦးဒိုင်း   ပင်လယ်ကြီးက အရမ်းလှတယ်နော် "

ကမ်းခြေကို လမ်းလျှောက်ဖို့ ခေါ်လာရင်း ပင်လယ်ကြီးကို
လှတယ် ပြောလိုက်သော ချစ်စံအိမ် ကြောင့်
ဒိုင်း ခေါင်းလေးပဲ ငြိမ့်ပြလိုက်သည်။

" မမ ပုစွန်ကင်လေး အားပေးပါအုံး​နော်​......
ဂဏန်းကင်လေးရော အားပေးပါအုံး သားသားကို "

ထိုအချိန် ကလေးလေး တစ်ယောက်ယောက်က
ချစ်စံအိမ် နားကို ရောက်လာပြီး သူ့ လက်ထဲမှာ
ကိုင်ထားတဲ့ ပုစွန်ကင်နဲ့ ဂဏန်းကင်ကို ရောင်းနေတာ
ကြောင့် ဒိုင်း အလိုမကျ ဖြစ်သွားရသည်။

" မဝယ်ဘူး သွား ကောင်လေး... ငါတို့  အနားကနေ
ထွက်သွားလိုက် ...!!! "

ချစ်စံ ကို ကလေးလေး က ဝယ်ဖို့ ပြောနေတာကို
ဦးဒိုင်း က မောင်းထုတ်နေတော့ ချစ်စံ 
စိတ်မကောင်းရသည်။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now