Part [ 55 ] Zg + Uni

2.3K 81 0
                                    

<><><><><><><>  { Part - 55  }

" အဟက်  ကျတော့် ကို မြှောက်နေကြတာပဲ
ဂျူးဂျူး နဲ့ သဲသဲ က.. ......"

နှစ်​​ယောက်​စလုံးကို ပြုံး​ယောင်​ပြု၍ အပြုံး​တွေနဲ့အတူ
ဒိုင်း ရယ်​ကာ ​ဖြေလိုက်​၏ ။

" မမြှောက်ပါဘူး ဒိုင်း ကလည်း "

" မမြှောက်ရပါဘူး ကိုဒိုင်း ရယ်​ "

ထိုအခါ အလုအယက်​ အပြုံး​တွေ ၊ ချိုသာတဲ့
စကား​တွေနဲ့အတူ ဂျူးဂျူး နဲ့ သဲဝါက ပြန်​​ဖြေ​တော့
ချစ်​စံအိမ်​ မျက်​နှာ​လေး တစ်​မျိုးဖြစ်​လို့သွား၏ ။

ချစ်စံအိမ်​ ရှေ့ မှာတင် ဒိုင်း က သဲဝါ ၊ ဂျူးဂျူးတို့နဲ့ မဖက်နမ်းရုံတမယ်နဲ့ ချိုသာနေကြတော့ ...
ထိုအချိန် ချစ်​စံအိမ်​ တစ်​​ယောက်​ ​ယောင်​​ယောင်
မှားမှားနဲ့  ခုဏလေးကမှ ငှဲ့ထားတဲ့ ရေနွမ်းကြမ်းအပူကို သွားသောက်လိုက်၏ ။

" အားးးးးး....!!!!!! အမယ်လေး....!!!
ပူလိုက္တာ.........!!! "

" ဘာဖြစ်​တာလဲ  ချစ်စံအိမ်.........???
မင်း ဘာဖြစ်​တာလဲ....?? ပူသွားတာလား....??
ရော့ .....  ဒီချိုချဉ်လေး စုပ်လိုက် 
ဒါဆို လျှာကျက်တာ သက်သာသွားလိမ့်မယ် "

ဘောင်းဘီအိတ်ကပ်ထဲက ချိုချဉ်လေးကို ထုတ်ပြီး
ဖောက်ပေးရင်းနဲ့ ဒိုင်း ပေးလိုက်တော့ ချစ်စံအိမ်
လည်း မငြင်းသာဘဲ ယူလိုက်ကာ သူမ ပါးစပ်ထဲ
အမြန်ထည့်လိုက်၏ ။

" ဘယ်လိုလဲ ချစ်စံအိမ် ....??? မင်း အဆင်ပြေရဲ့လား
ဘယ်လိုနေသေးလဲ.....??? "

အရမ်းကို စိတ်ပူနေသော ဒိုင်း ပုံစံကို အနားက
ဂျူးဂျူး နဲ့ သဲဝါ ကြည့်ပြီး သဘောမကျဖြစ်နေလေသည်။

"  ဘာမှမဖြစ်တော့ဘူး ဦးမာန်ဒိုင်းလျှံ 
ချစ်စံ ကျေးဇူးတင်ပါတယ် "

" သက်သာရဲ့လား ညီမလေး.....အစ်မ
ရော ဘာလုပ်ပေးရအုံးမှာလဲ...???  "

" မဂျူး ရော ဘာလုပ်ပေးရအုံးမှာလဲ ညီမလေး...... "

ဦးဒိုင်း ကို ချစ်စံ ကျေးဇူးလည်း တင်ပြီးသွားရော
အပြိုင်အဆိုင်တွေ မေးလာတဲ့ မသဲဝါ နဲ့ မဂျူးဂျူး
ကြောင့် ချစ်စံ ပြုံးလိုက်မိသည်။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now