Part [ 21 ] Zg + Uni

3.5K 111 1
                                    

<><><><><><><> { Part - 21 }

" ဟင်း....... ဟင်း....... ဟင်း "

ထိုအခါ ဒိုင်းလွှတ်ပေးတာနဲ့ တစ်ပြိုင်နက် ချစ်စံအိမ်
အသက်ကို မနည်းရှူရှိုက်ရင်း ဒိုင်း ကို ကြည့်ကာ
ဒိုင်း နမ်းထားတဲ့ သူမ နှုတ်ခမ်းတစ်စုံကို လက်လေးနဲ့
အကြမ်းပတမ်းသုတ်ပစ်၏ ။

" ချစ်စံအိမ် မင်း နှုတ်ခမ်းကို မင်း ပြန်သုတ်ရအောင်
ငါ့က မင်းကို ချစ်လို့ နမ်းတယ် ထင်နေတာလား ......
ဟင်း.....ဒါဆို ဝေးသေးတယ် မင်း နှုတ်ခမ်းက ငါ နမ်းခဲ့ဖူးတဲ့ မိန်းကလေးတွေလောက်တောင် ရင်ခုန်စရာမကောင်းဘူး... ..
အထူးသဖြင့် မင်း တစ်ကိုယ်လုံး ချွတ်ပြရင်တောင်
ငါ ရင်မခုန်ဘူး... ...ဪ ဆောရီး.... ဆောရီး
မှားလို့ ငါ မပြောနဲ့ လမ်း​ဘေးက က​လေက​ချေ​တောင်
မင်းကို ရင်ခုန်မှာမဟုတ်ဘူး...... "

ဒိုင်း စကားကြောင့် ချစ်စံအိမ် သူမ နှုတ်ခမ်းတစ်စုံကို
အသားကုန်ဖိကိုက်​ကာ.........

" ချစ်စံ ကို လမ်း​ဘေးက က​လေက​ချေ ရင်ခုန်ဖို့မလိုပါဘူး ဦးဒိုင်း .....မောင် သာ ချစ်စံ ကို ရင်ခုန်ရင် ရပြီ
နောက်ပြီး ဦးဒိုင်း ချစ်စံ ကို ရင်မခုန်ဘူး ဟုတ်လား
ရင်မခုန်လို့သာ တော်တော့မယ် ဦးဒိုင်း နမ်းလိုက်တာများ
ချစ်စံ နှုတ်ခမ်းတောင် ပေါက်ထွက်မတတ်ဘဲ "

မဲ့ကာ ပြောလိုက်သော ချစ်စံအိမ် ကြောင့် ဒိုင်း မျက်ခုံး
နှစ်ခုကို ချက်ချင်း ကျုံ့ပစ်ကာ.... ...

" မုန်းလို့လေ ချစ်စံအိမ်......အဲ့ဒါ မင်းကို မုန်းလို့
ငါ နမ်းတာ "

" မုန်းလို့ ဟုတ်လား ဦးဒိုင်း ရယ်ချင်တာ......
ဘယ်သူ့ကမှ ကိုယ် မုန်းတဲ့ လူတစ်ယောက်ကို
မနမ်းကြဘူး ဒါပေမဲ့ ထားလိုက်ပါ ဦးဒိုင်း နဲ့
ချစ်စံ ပြိုင်မပြောချင်ဘူး လူလိုနားမလည်တဲ့
သူကို ချစ်စံ ပြောရမှာ ပျင်းတယ် ဘာလို့ဆို
သူတို့က တုတ်နဲ့ရိုက်ပြီး ပြောတာတောင် နား
မလည်ကြဘူးလေ "

" ချစ်စံအိမ်......မင်း......... မင်း......!!!! "

ပြောပြီး အခန်းထဲကနေ တန်းထွက်သွားသော ချစ်စံအိမ် ကို
ဒိုင်း ကြည့်ကာ စိတ်တွေတိုနေခဲ့၏ ။ နွား နဲ့ နှိုင်းသွား
တဲ့အတွက်လည်း ဒိုင်း မျက်နှာကြီးက မာထန်နေ၏ ။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now