<><><><><><><> { Part - 57 }"ရှပ်......ရှပ်...ရှပ် "
တစ်စတစ်စ နဲ့ နီးကပ်လာတဲ့ ခြေသံတွေကြောင့်
ချစ်စံအိမ် ကျောချမ်းလာကာ ကြောက်ကြောက်နဲ့
နောက်ကို အမြန်လှည့်ကြည့်ပြီး......" ဘယ်သူလဲ..... ??? "
" ဘုတ် "
" အမယ်လေး.....!!!!!! "
သစ်ကိုင်းကျိုးပြီး ပြုတ်ကျလိုက်တော့ ချစ်စံအိမ်
ကြောက်ကြောက်နဲ့ ထအော်လိုက်၏ ။" ဟင်း..... ဟင်း.... ဟင်း "
သရဲလည်း မဟုတ်၊ လူလည်း မဟုတ်မှန်း သိရော
ချစ်စံအိမ် အသက်ကို မနည်းချင်း ဖြေးဖြေးချင်းရှူရှိုက်ကာ
ရှေ့ပြန်လှည့်ပြီး ရေတံခွန် ဆီကို တစိုက်မတ်မတ်
လျှောက်လာတော့၏ ။" ဝေါ........ ဝေါ...... ဝေါ "
ရေတံခွန် ကို မြင်လိုက်ရရော ရေတံခွန်ကနေ
ရေတွေ စီးကျလာတာကို ချစ်စံအိမ်
ကြည့်ပြီး ပြုံးလိုက်ကာ သူမ မှာပါလာတဲ့
အဝတ်အစားတွေနဲ့ ဆပ်ပြာခြင်းတောင်း ကို
ကျောက်တုံးကြီး ပေါ်တင်ရင်းနဲ့  လက်ကို ဆန့်တန်း
ကာ လေကို တစ်ဝကြီး ရှူရှိုက်လိုက်၏ ။" အား....... အခုမှ အမောပြေတော့တယ် "
ပြောရင်း အနက်ရောင် ဆံကေသာရဲ့ ကြားထဲမှာ
ခရမ်းရောင် highlight လေး ဖောက်ထားတဲ့
သူမ က ဆံနွယ်တွေကို စုထုံးထားရာကနေ ဖြည်ချပစ်
လိုက်သည်။ ထိုအခါ ဖြည်ချလိုက်တာနဲ့
တင်ပါးအောက်ထိ ရှည်လျားတဲ့ သူမ ရဲ့
လှိုင်းတွန့်ဆံနွယ်ရှည်တွေက ရေနဲ့ ထိသွား
ခဲ့သည်။ဒါကို သစ်ပင်အကွယ်ကနေ မာန်ဒိုင်းလျှံ ကြည့်ပြီး
သူ့ နှုတ်ခမ်းတစ်စုံက ကွေးညွှတ်သွားတော့သည်။ဒိုင်း ချစ်စံအိမ် ကုတ်ချောင်းကုတ်ချောင်းနဲ့
အိမ်ထဲကနေ စထွက်ပါပြီဆိုကတည်းက သူ
စိတ်မချဖြစ်ပြီး နောက်ကနေ လိုက်လာမိသည်။
ဒါ့အပြင် နေ့လယ် ကလည်း သူ မယုယ ကို
မေးထားမိသည်။ဒီနားမှာ ရေတံခွန် တွေ ဘာတွေ ရှိလားဆိုပြီး....။
အခုတော့ သူ ထင်တဲ့အတိုင်းပင်....။ ချစ်စံအိမ် က
ရေချိုးဖို့ ရေတံခွန် ဆီကို လာတာပင် .....။
YOU ARE READING
ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )
Romanceတစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လိုက်ရတဲ့ အခါ.....နောက်ပြီး သူ လက်ထပ်လိုက်ရတဲ့ ကလေးမလေးက သူ တွဲခဲ့တဲ့ ရည်းစားတွေထက် ရုပ်ဆိုးပြီး ပုံတ...