Part [ 54 ] Zg + Uni

2.5K 84 0
                                    

<><><><><><><>  { Part - 54  }

ချစ်စံ ကို ကြည့်နေကြတဲ့ မသဲဝါ နဲ့
မဂျူးဂျူး ရဲ့ အကြည့်ကလည်း မနှစ်မြို့စရာကြီး
ပင်......။ ဦးဒိုင်း ကိုကျတော့ ထိုအစ်မနှစ်ယောက်က
နှစ်လိုဖွယ် အပြုံးတွေနဲ့ပင်...။ ချစ်စံ ဘေးနားက
ကိုရန်နိုင် ကတော့ ချစ်စံ ကို ပြုံးပြနေလေသည်။
ဒါကြောင့် ချစ်စံ လည်း မကောင်းတာနဲ့ ပြန်လည်
ပြုံးပြလိုက်မိသည်။

" အရှက်ကို မရှိဘူး "

ရုတ်တရက် ထပြောလိုက်သော ဒိုင်း စကားကြောင့်
အကုန်လုံးက ဒိုင်း ကို ကြည့်လာကြ၏ ။

" မင်း ငါ့ကို ပြောတာလား မာန်ဒိုင်းလျှံ "

" မဟုတ်ပါဘူး ဦးမင်းလွင်..... ကျတော်
ဦးမင်းလွင်​ ကို မပြောရပါဘူး  မနေ့ညက ကြည့်ခဲ့တဲ့
ဇာတ်ကားကို လူက ပြန်တွေးပြီး ဒေါသထွက်မိပြီး
ပြောမိသွားတာပါ "

ထိုအခါကျမှ ဦးလေးမင်းလွင် နဲ့ ကျန်တဲ့လူတွေမှာ
ဒိုင်း ကို ကြည့်ပြီး ပြုံးတုံ့တုံ့ဖြစ်သွားလေသည်။

မပြုံးနိုင်သူ ချစ်စံအိမ် ကတော့ ဒိုင်း ကို တစ်ချက်လောက်
ကြည့်ပြီး သူမ အကြည့်ကို ဦးမင်းလွင် ဆီ ပို့ပစ်လိုက်၏ ။

**************************

"  မင်းတို့  အားလုံး ဒီမှာ တစ်ပတ်နေရမယ်
မင်းတို့ ဘက်က ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းချက်
တွေကို ငါ သဘောကျပေမဲ့ ဘယ်သူနဲ့
စာချုပ်ချုပ်​ရမှန်း  မသိသေးဘူး နောက်ပြီး ငါ့မှာ
အကျင့်တစ်ခုရှိတယ် လူတွေကို လွယ်လွယ်နဲ့
မယုံကြည်တတ်ဘူး ဒါကြောင့်လည်း
ငါ့ လွမ်းပြေ ခြံကို ဒီနေ့ ဒီအချိန်ထိ ငါဘယ်သူနဲ့မှ  စာချုပ်မချုပ်တာပဲ မင်းတို့ဘက်က မင်းတို့နဲ့
စာချုပ်ရင် ဘာသက်သာမယ် ညာသက်​သာမယ်
ပြောနေပေမဲ့ စာချုပ်ချုပ်ပြီးမှ မင်းတို့ စိတ်တွေ တမျိုးပြောင်းလဲသွားပြီး ငါ့ အပေါ် ပရမ်းပတာဖြစ်သွား
မှာကို ငါ မလိုချင်ဘူး...... ဒါ့အပြင် မင်းတို့လိုပဲ
ငါနဲ့ စာချုပ်ချုပ်ဖို့ဆိုပြီး လာခဲ့တဲ့
company ပိုင်ရှင်တွေ အများကြီး ရှိတယ်
ဒါပေမဲ့ ငါ ဘယ်သူနဲ့မှ စာချုပ်မချုပ်ခဲ့ဘူး
သူတို့ကိုလည်း မင်းတို့လိုပဲ ငါ ဒီမှာ တစ်ပတ်တိတိ
နေခိုင်းခဲ့တယ်. ...ဒါပေမဲ့ တစ်ပတ်မပြောနဲ့
သူတို့ အားလုံးက သုံးရက်တောင် မနေနိုင်ဘဲ
ပြန်ပြေးသွားကြတယ်... ..ဒီတော့ မင်းတို့လည်း
အခုကတည်းက ကြောက်ရင် ပြန်ပြေးလို့ရတယ်နော်
ဒါမှမဟုတ် ငါ့ ခြံနဲ့ စာချုပ်ချုပ်နိုင်မယ်ထင်ရင်
ဆက်နေကြပေါ့.....နောက်ပြီး မင်းတို့ အားလုံး
ငါ့ ခြံမှာ နေတဲ့ တစ်ပတ်တော်အတွင်းမှာ
ငါ စမ်းသပ်ချက်တွေကို လက်ခံနိုင်ရမယ်
ဒါမှ မင်းတို့နဲ့ ငါ စာချုပ်ချုပ်မှာ.. ..ကဲ ဘယ်လိုလဲ
ငါ ပြောတာကို သဘောတူလား "

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now