<><><><><><><> { Part - 18 }ဦးဒိုင်း ရင်ဘတ်အား မစံစံ အသာလေးပုတ်လိုက်တာကို
ဦးဒိုင်းက မစံစံ လက်တွေကို ဖမ်းယူပြီး မြတ်မြတ်နိုးနိုးနဲ့
နမ်းရှိုက်လိုက်တာကြောင့် ချစ်စံ မျက်ရည်တွေ ဝဲလာရ
၏ ။" ချစ်စံ "
ထိုအချိန် ချစ်စံအိမ် သူမ နာမည်ကို အော်ခေါ်လိုက်သော
နေမင်းမောင် ကို မော့ကြည့်လိုက်ရာ ကျချင်နေတဲ့
သူမ မျက်ရည်တစ်စက်က သူမ ပါးပြင်ပေါ် စီးကျသွား
ခဲ့၏ ။" မောင် "
နေမင်း သူ့ နာမည်ခေါ်ရင်းနဲ့ မျက်ရည်တစ်စက်ကျသွား
တာကြောင့် ချစ်စံအိမ် မျက်ရည်တစ်စက်ကို
သူ ချက်ချင်းသုတ်ပေးလိုက်၏ ။ချစ်စံ လို့ ကောင်လေး တစ်ယောက်ရဲ့
အော်ခေါ်သံကြောင့် ဒိုင်း စံစံ နဲ့ စကားပြောနေတာ
ရပ်သွားရ၏ ။ ချစ်စံအိမ် ကို ကြည့်လိုက်တော့လည်း ဖြူဖြူချောချောထိုကောင်လေးကို မောင် လို့ ခေါ်လိုက်
တာကြောင့် ဒိုင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား
လိုက်မိ၏ ။" အတန်းထဲ သွားရအောင်လေ ချစ်စံ "
" အင်း မောင် "
မောင်ဆိုတဲ့ ကောင်လေးနဲ့ အတန်းထဲ သွားဖို့ ပြင်နေသော ချစ်စံအိမ် ကြောင့် ချက်ချင်းဆိုသလို ဒိုင်း ခြေလှမ်းတွေက
ချစ်စံအိမ် ဆီကို ရောက်သွားရသည်။" သူ့က ဘယ်သူလဲ ချစ်စံအိမ် "
ချစ်စံ လက်ကို ဆွဲပြီး မေးလိုက်တဲ့ ဦးဒိုင်း ကြောင့်
လူကတုန်ချင်သွားရသည်။" ငါ မေးတာကြားလား ချစ်စံအိမ် သူ့က ဘယ်သူလဲလို့..... "
" ကျတော် က ချစ်စံ ရဲ့ တစ်ဦးတည်းသော မောင်ပါ
မရှိမဖြစ် ကောင်လေးပေါ့ "" ဘာ....!!!! "
နေမင်းမောင် စကားအဆုံး ဒိုင်း မျက်နှာက ထိန်းမရအောင်
ပျက်သွားကာ လက်သီးကို အော်တိုဆုပ်ပြီးသားပင်....။" ချစ်စံ ဒီကောင်ပြောတာ ဟုတ်လား....
ဒီကောင်က မင်းရဲ့ကောင်လေးလား "
YOU ARE READING
ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )
Romanceတစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လိုက်ရတဲ့ အခါ.....နောက်ပြီး သူ လက်ထပ်လိုက်ရတဲ့ ကလေးမလေးက သူ တွဲခဲ့တဲ့ ရည်းစားတွေထက် ရုပ်ဆိုးပြီး ပုံတ...