Part [ 31 ] Zg + Uni

3K 107 1
                                    

<><><><><><><>  { Part - 31  }

" ကောင်မ....!!! ငါ့ သားကို လှည်းကြိုးထမ်းခိုင်းချင်အုံး
ကဲဟာ...... "

" ဖြန်း....!!!!  "

ချစ်စံအိမ် ကို  မြင်တာနဲ့ ချက်ချင်းဆိုသလို ဒေါ်သီရိ
သူမ လက်ကို အပေါ်ကို မြှောက်ပြီး အားကုန်လွှဲကာ
ရိုက်ချပစ်၏ ။  ဒီတစ်ကြိမ်တော့ ပါးနပ်စွာနဲ့ ဒေါ်သီရိ
ရိုက်ချက်ကို ချစ်စံအိမ် ခေါင်းငုံ့ပြီး အမြန်ရှောင်လိုက်၏ ။
ထိုအခါ ချစ်စံအိမ် ခေါင်းငုံ့ ရှောင်လိုက်တော့ ဒေါ်သီရိ
လက်ဝါးက သူမ အနားမှာ ရှိနေသော စံစံနိုးဦး ပါး​ပေါ်ကို ကျရောက်သွားခဲ့သည်။

" သမီးစံ. ....!!! သမီးစံ ဘာဖြစ်သွားသေးလဲ ...!!! "

သူမ ရိုက်ချက်က လွှဲမှားသွားတော့ ဒေါ်သီရိ ခမျာ
စံစံနိုးဦး လက်ကို ကိုင်ပြီး စိတ်ပူစွာ တန်း​မေး၏ ။

" ဘာမှမဖြစ်ပါဘူး မေမေ... ...စံ မနာပါဘူး
စံ အဆင်ပြေပါတယ် "

ရိုက်ချက်က ပြင်းလွန်းလို့ သူမ ပါးတစ်ခြမ်းလုံး ယောင်ကိုင်း
သွားတာကို စံစံနိုးဦး ဒေါသထွက်ပေမဲ့လည်း
ရိုက်​တာက ​ဒေါ်သီရိ ဖြစ်​​နေ​တော့ မနာပါဘူးဆိုပြီး  ဖြေနေရသည်။ သူမ စိတ်ထဲ ဘယ်လောက်နာလဲဆိုတာ သူမ ကိုယ်တိုင်သာ သိသည်။ ထို့အတူ  ချစ်​စံအိမ်​ ကို မျက်​​ထောက်​နီကြီးနဲ့ ကြည့်​ကာ
စံစံနိုးဦး အခဲမ​ကြေ ဖြစ်​​လို့​နေ၏ ။

" ကောင်မ ချစ်စံအိမ် ညည်း ဘာလို့ ရှောင်လိုက်တာလဲ "

" ရှောင်ရမှာပေါ့ အန်တီသီရိ ......
မရှောင်ရင် အန်တီသီရိ လက်ဝါးစာ ချစ်စံ မိမှာလေ  .."

" ညည်း...... ညည်း. ..."

" တော်တော့ မာမီ...!!!!! ကလေး ကို ထပ်ထိခိုက်အောင်
မလုပ်ပါနဲ့ ကျတော် မကြိုက်ဘူး ဒီတစ်ခါတော့
ကျတော် ခွင့်လွှတ်ပေးလိုက်မယ် နောက်တစ်ခါဆိုရင်
မာမီ ကို ကျတော် ခွင့်လွှတ်မှာ မဟုတ်ဘူး  "

" သားဒိုင်း , သား ဒီကောင်မ အတွက်နဲ့ မာမီကို ပြန်ပြော
တယ်ပေါ့  "

" ဟုတ်တယ် မာမီ..... ကျတော် ပြန်ပြောတယ်
ဒါကြောင့် ကျတော် ပြန်ပြောတာ မခံချင်ရင်
မာမီ ကလေးကို  ဘာမှ မလုပ်ပါနဲ့ ကျတော်
တောင်းဆိုပါတယ် ကျတော် ပြန်ပြောမှ မာမီ
ကျတော့် အဆိုးမဆိုပါနဲ့..... "

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now