<><><><><><><> { Part - 19 }" ငိုတော့မယ့် ပုံစံဖမ်းမနေနဲ့ ချစ်စံအိမ်
အားအားရှိ ငိုဖို့ပဲ တတ်တယ် မင်းလိုဟာက
ဘယ့်နှယ် ဟိုကောင်က စော်ကားလိုက်မှ
ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့မှာ ငါ မြင်ယောင်သေးတယ်
အဲ့ဒီအခါကျရင် မင်းကို ငါ တာဝန်ယူပေးမယ်လို့
မင်းက ထင်နေတာလား...... လုံးဝပဲ မင်း
ကိစ္စ မင်း ရှင်း...... ငါ့လိုကောင်က သူများစား
ပြီးသား နဖားကြိုး ထမ်းမပေးနိုင်ဘူး "" ဖြန်း.....!!! "
ဒိုင်း စကားအဆုံး ချစ်စံအိမ် လက်ဝါးက ဒိုင်း ပါးပြင်ပေါ်
ကို ဖြန်းကနဲ ကျရောက်သွား၏ ။ နောက်ပြီးချစ်စံအိမ်
ရိုက်ချက်က ဘယ်လောက်ထိအောင် အားပြင်းလဲဆိုရင်
ဒိုင်း မျက်နှာကြီးပါ လည်ထွက်သွားခဲ့၏ ။" ချစ်စံအိမ် မင်း........ မင်း ငါ့ပါးကို ရိုက်တယ်ပေါ့ "
ပါးစောင်ကို လျှာနဲ့ ထိုးရင်းကနေ မေးလိုက်သော
ဒိုင်း ကို ချစ်စံအိမ် နာကျင်စွာ စိုက်ကြည့်ကာ......." ဟုတ်တယ် ရိုက်တယ်....... ချစ်စံ ရိုက်တယ်
ဘာဖြစ်ချင်လဲ "လက်ဝါးကို နောက်တစ်ကြိမ်ထပ်ရွယ်ရင်းနဲ့ ပြောနေသော
ချစ်စံအိမ် ကို ဒိုင်း ကြည့်ကာ ဒေါသတွေထွက်လာရသည်။" ဟာကွာ....... မင်း.... မင်းကွာ.....!!! "
ချစ်စံအိမ် ပခုံးကို ဒိုင်း အသားကုန်ဖိညှစ်ပြီး ဒေါသတွေ
ပေါက်ကွဲနေသော်လည်း ချစ်စံအိမ် ကတော့
ဒိုင်း ကို စူးရှတောက်ပစွာနဲ့ စိုက်ကြည့်နေ၏ ။" မင်း သိလား ချစ်စံအိမ် ငါ့ ပါးကို ငါ့ အမေတောင်
မရိုက်ဖူးဘူး အဲ့ဒါကို မင်းက ရိုက်ရဲလှချည်လား "မေးရိုးတွေထောင်ပြီး အံ့ကြိတ်ကာ ပြောနေသော ဒိုင်း ကို ချစ်စံအိမ် မျက်တောင် မခတ်စိုက်ကြည့်ကာ
သူမ နှုတ်ခမ်းကို တစ်ချက်မဲ့ပစ်လိုက်ပြီး......" အဲ့ဒီတော့ ချစ်စံ ကို ဘာလုပ်မလို့လဲ.....??
ပြန်ရိုက်ချင်လို့လား ရိုက်လေ..... ရိုက်လိုက် ဦးဒိုင်း "" မင်း..... မင်း.....တောက်စ်..!!! ချစ်စံအိမ် "
ပါးထိုးကာ ပေးနေသော ချစ်စံအိမ် ကို ဒိုင်း မကျေမချမ်း
စိုက်ကြည့်ပြီး စိတ်တိုတိုနဲ့ ခံပြင်း၍ ချစ်စံအိမ်
ပခုံးကို အကြမ်းပတမ်းဆုပ်ကိုင်ထားရင်းကနေ လွှတ်ပေး
လိုက်သည်။
YOU ARE READING
ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )
Romanceတစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လိုက်ရတဲ့ အခါ.....နောက်ပြီး သူ လက်ထပ်လိုက်ရတဲ့ ကလေးမလေးက သူ တွဲခဲ့တဲ့ ရည်းစားတွေထက် ရုပ်ဆိုးပြီး ပုံတ...