Part [ 39 ] Zg + Uni

2.5K 90 0
                                    

<><><><><><><>  { Part - 39  }

"  အခုလက်ရှိ မာန်ဒိုင်းလျှံ ဦးစီးလုပ်ကိုင်နေတဲ့ company,
ဘဏ်မှာ အပ်ထားတဲ့ သန်းပေါင်းတစ်သောင်းကျော် ၊
နောက်ပြီး ပြင်ဦးလွင်မှာ ဝယ်ထားတဲ့ အိမ်ငါးလုံး၊
စပျစ်ခြံကြီးတစ်ခြံ၊    မြောက်ဒဂုံနားက  ကွန်ဒို၊  
ဒီအိမ်မှာ သိမ်းထားတဲ့ မီးခံ သေတ္တာထဲက လက်ဝတ်
ရတနာ​တွေ အားလုံး၊  အခုလက်ရှိနေနေတဲ့ ဒီအိမ် နဲ့
အခုစီးနေတဲ့ နောက်ဆုံးပေါ် mercedes ကားသုံးစီးကို
ဒေါ်ခင်ခင် က မာန်ဒိုင်းလျှံ နဲ့ ချစ်စံအိမ် ကို ပေးသွား
ခဲ့ပါတယ်.......ဒါပေမဲ့ ပေးသွားခဲ့ပေမဲ့လည်း တကယ်လို့
မာန်ဒိုင်းလျှံ က ချစ်စံအိမ် ကို  ကွာရှင်းခွင့်တောင်း
လာမယ်​ဆိုရင် အမွေတွေ အားလုံးကို ချစ်စံအိမ် တစ်ယောက်တည်းကသာ အကုန်ပိုင်ဆိုင်ရပါမယ် .... "

" ဘာ.... !!!! "

ရှေ့နေကြီး စကားကြောင့် ဒေါ်သီရိ မျက်ဝန်းတွေက
ပြူးကျယ်သွားပြီး စံစံနိုးဦး ကတော့ မျက်​နှာမည်းကြီး
ဖြစ်လို့ သွားခဲ့သည်။

" ကျမတို့ကိုရော ရှေ့နေကြီး..... အမေ က ကျမတို့ကိုရော
ဘာပေးသွားလဲ "

" ခင်ဗျားတို့ကို ပေးသွားပါတယ် အဲ့ဒါက ကျ​တော်​ရဲ့
ဘဏ်​အ​ကောင့်​မှာ အပ်ထားတဲ့ သိန်းငါးထောင်ပါ အဲ့ဒါက
ခင်ဗျား နဲ့ ဦးစစ်မာန်တို့ သုံးဖို့အတွက်ပါ နောက်ပြီး
ခင်ဗျား ကို ​ဒေါ်ခင်​ခင်​  ဆင်ပေးထားတဲ့ လက်ဝတ်ရတနာ
တွေအကုန်လုံးကိုလည်း ဒေါ်ခင်ခင် က ခင်ဗျား  ကို
အကုန်ပေးသွားပါတယ် "

" ဒီလောက်လေးကို ပေးသွားတယ် ဟုတ်လား
ရှေ့နေကြီး..... ဒီလောက်လေးကို ကျမတို့က
ဘယ်နား သွားသုံးရမှာလဲ နောက်ပြီး ကျမ
မကျေနပ်ဘူး ဘယ့်နှယ် ကျမ သားဒိုင်း က
ချစ်စံအိမ် ကို ကွာရှင်းခွင့်တောင်းတာနဲ့
အမွေတွေ အကုန်လုံးကို ချစ်စံအိမ် က ရမယ်ဟုတ်လား
ဒါကတော့ အတော်ယုတ္တိ မရှိတာပဲ တကယ်လို့ ချစ်စံအိမ်
ဘက်က ကျမ သားကို အရင်ကွာရှင်းခွင့်တောင်းရင်
ရော ဘယ်သူက အမွေတွေကို ရမှာလဲ ရှေ့နေကြီး "

" အဲ့ဒီအခါကျရင် မာန်ဒိုင်းလျှံ က ရမှာပါ ဒေါ်သီရိ
အရင်​ကွာရှင်းခွင့် ​တောင်းတဲ့သူက အမွေတွေကို
ရမှာ မဟုတ်ပါဘူး...... ကျန်ခဲ့တဲ့သူကသာ
ရမှာပါ "

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now