Part [ 62 ] Zg + Uni

2.7K 87 0
                                    

<><><><><><><>  { Part - 62  }

" မနက်ဖြန် တန်ခိုးရဲ့  မင်္ဂလာပွဲကို ကလေး
မလာတော့ဘူး ဆိုရင်  ကလေး ဘဝထဲကနေ
ကိုယ် အပြီးအပိုင် ပျောက်ကွယ်ပေးသွားမယ် "

မနက်က ချစ်စံ တည်းတဲ့ ဟိုတယ်ကို လာပြီး
ပြောသွားသော ဦးဒိုင်း ရဲ့ စကားတွေကို
ချစ်စံ နားထဲက​နေ ဘယ်လိုမှ ထုတ်လို့မရပေ......။

ဦးဒိုင်း ဒယ်ဒီ ကလည်း အဖြစ်မှန်တွေ သိပြီး
မနေ့ညနေကပဲ ချစ်စံ ကို လာတောင်းပန်လေသည်။

ချစ်စံ ကိုလည်း အိမ်ပြန်လာနေဖို့ တောင်းဆိုထားသေး
သည်။  သို့သော် ချစ်စံ လက်မခံလိုက်ပါ။

ဒယ်ဒီ ကိုလည်း ချစ်စံ  ပြန်တောင်းပန်ပြီး ချစ်စံ
ကို ပြန်မခေါ်ဖို့ ချစ်စံ တောင်းဆိုလိုက်သည်။

အစကတော့ ဒယ်ဒီ က ချစ်စံ ကို မရမကခေါ်နေလေ
သည်။ သို့သော် ချစ်စံ လည်း ငိုပြီး တောင်းပန်
လိုက်ရော ဒယ်ဒီ က လက်လျှော့ပြီး
ပြန်သွားခဲ့သည်။  အခု ဦးဒိုင်း ပဲ ကျန်တော့သည်။

အမှန်အတိုင်း ပြောရရင် မနက်ဖြန် မင်္ဂလာပွဲကို
ချစ်စံ တက်ပြီး ဦးဒိုင်း လိုချင်တဲ့ အဖြေကို
ချစ်စံ ပေးချင်သည်။ ဒါပေမဲ့ ချစ်စံ က
ဦးဒိုင်း နဲ့ မထိုက်တန်ပါ။

" ချစ်စံ ဘာဆက်လုပ်ရမှာလဲ.. ...???ဦးဒိုင်း
ချစ်စံ ဘာဆက်လုပ်ရမှာလဲ.....????
အီးဟီး..... အင့်ဟင့်. ...အင့်ဟင့်.... အီးဟီး
ချစ်စံ ဦးဒိုင်း ကို အရမ်းချစ်တယ်......
ဦးဒိုင်း ကို  အရမ်းချစ်တယ်.....
ဒါပေမဲ့ ချစ်စံ လို ကလေးမရနိုင်တဲ့သူက
ဦးဒိုင်း နဲ့ မထိုက်တန်ပါဘူး ......
ဦးဒိုင်း နဲ့ မထိုက်...တန်..ပါဘူး.....အီးဟီး...
အင့်ဟင့်..... အင့်ဟင့်.... .အီးဟီး
ချစ်စံ က ဦးဒိုင်း နဲ့ မထိုက်တန်ပါဘူး ဦးဒိုင်း ရယ် "

ဟိုတယ်က အခန်းထဲမှာ ချစ်စံအိမ် ငိုပြီး မတန်ဘူး
ကို အဆက်မပြတ် ပြောနေလေသည်။

"  ထိုက်တန်ပါတယ် ချစ်စံ..........နင်နဲ့ ဦးဒိုင်း က
တကယ့်ကို ထိုက်တန်ပြီး အရမ်းလည်း
လိုက်ဖက်ပါတယ် "

အသံကြားလို့ မော့ကြည့်လိုက်ရာ တန်ခိုး လက်ကို
ကိုင်ထားရင်း ပြောနေတဲ့ နေမင်းမောင် ကို တွေ့
လိုက်ရ​တော့ သူမ ငိုထားတာကို ချစ်စံအိမ် ချက်ချင်း
သုတ်ပစ်လိုက်သည်။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now