Part [ 16 ] Zg + Uni

3K 99 1
                                    


<><><><><><><>  { Part - 16  }

" ချစ်စံအိမ်......!!!! "

ဘွား နဲ့ ဒယ်ဒီ ပြောတာတွေကို ဒိုင်း နားထောင်ပြီး
ချက်ချင်းဆိုသလို သူ့ အခန်းထဲကို ပြန်လာခဲ့သည်။
ထိုအခါ ကုတင်ပေါ်မှာ အိပ်ပျော်နေသော ချစ်စံအိမ်
ကို ဒိုင်း တွေ့လိုက်ရတဲ့အခါ  မျက်လုံးပြူးသွားပြီး
ချက်ချင်းဆိုသလို သူ့ မျက်လုံး က နွားနို့ဖန်ခွက်ဆီကို
အကြည့်ရောက်သွားခဲ့သည်။  ဖန်ခွက်တစ်ခုရဲ့ နွားနို့
တွေက ပြောင်သလင်းခါအောင် ကုန်နေတာကို
ဒိုင်း မြင်လိုက်ရတော့ သူ့ မျက်လုံး အစုံက ပိုပြီးပြူးကျယ်
သွားခဲ့၏ ။

" ဟာ..... ချစ်စံအိမ် မင်း ဘာလို့ သောက်လိုက်ရတာလဲ
ကျစ်ခ်....!!!  မသောက်နဲ့လို့ ငါ မှာထားတာကို "

နွားနို့ကျန်နေ​သေးတဲ့ ဖန်ခွက်တစ်​ခွက်​ကို ရေချိုးခန်းထဲ
ဒိုင်း သွားသွန် ပြီးတာနဲ့ ဖန်ခွက်အလွတ်နှစ်ခုကို ယူပြီး အောက်ထပ်ကို ဆင်းလာခဲ့၏ ။

အောက်ထပ် သွားပြီး ဒိုင်း ဖန်ခွက်သွားထားတာကို
အပေါ်ထပ်က အခန်းထဲကနေ ဒေါ်ခင်ခင် နဲ့ ဦးစစ်မာန်
တို့ ကြည့်ပြီး ပြုံးဖြီးနေခဲ့၏ ။

" ဂျလောက် "

ဖန်​ခွက်​ပို့ပြီးသွား​ချင်း အခန်းထဲကို ဒိုင်း ဝင်​လာကာ
အခန်းတံခါးကို လော့ခ်ျချပြီးတာနဲ့ ဒိုင်း သူ့ ကုတင်ပေါ်မှာ
အိပ်ပျော်နေသော ချစ်စံအိမ် ကို ကြည့်ကာ ဘာလုပ်ရမှန်း
မသိ ဖြစ်နေရ၏ ။ 

" အား........ ပူတယ် !!!!!  အရမ်းပူတယ်
ချစ်စံ ပူတယ်လို့....... "

ထိုအချိန် ကုတင်ပေါ်မှာ အိပ်နေရင်းတန်းလန်းကနေ
လူးလွန့်လာပြီး ပူတယ်ပြောနေသော ချစ်စံအိမ်
ကြောင့် ဒိုင်း မျက်လုံးအစုံက ပြူးချင်သွားသည်။

ဘာကြောင့်လည်းဆိုတော့ ချစ်စံအိမ် ပူလာမှာကို
ဒိုင်း ကြိုသိထားတဲ့အတွက် အစကတည်းက အခန်းထဲက air con ကို သူ ဂိတ်ကုန်တင်ထားတာကြောင့်ပင်......။

ကုတင်ပေါ်မှာ အသားကုန်​ လူးလွန့်ကာ ပူတယ်ပြောရင်းနဲ့
ချစ်စံအိမ် ထထိုင်ကာ အင်္ကျီကြယ်​သီး​တွေကို
ဆွဲဖြုတ်​၏ ။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now