Part [ 61 ] Zg + Uni

2.7K 87 0
                                    

<><><><><><><>  { Part - 61  }

" ဘယ်လိုလုပ်မှာလဲ တန်ခိုး...... မင်းတို့
ဘယ်လို လုပ်ကြမှာလဲ....????
ကလေးကရော မင်းတို့ ခေါ်တာကို
လာပါ့မလား.. ..??? "

" လာရမှာပေါ့ ဦးမာန်ဒိုင်းလျှံ.. ....ချစ်စံ
က မလာလို့ မရဘူးလေ ဘာလို့ဆို
ဒီလာမယ့် အပတ် သောကြာနေ့ကျရင်
ကျတော် နဲ့ ကိုကို က မင်္ဂဆောင်တော့မှာလေ "

" ဟမ်....!!!!!!!  "

ပြိုင်တူ အာမေဋိတ်သံ ထွက်သွားကြသော သားဖ
နှစ်ယောက်ကြောင့် နေမင်းမောင် နဲ့ တန်ခိုး
အချင်းချင်း ကြည့်ပြီး ပြုံးလိုက်ကြသည်။

" ကျတော် တို့ မင်္ဂလာဆောင်ကြတော့မှာ
အန်ကယ် ,  ဒိုင်း ......
ဒါကြောင့် ကျတော် တို့ နှစ်ယောက် အန်ကယ်
ဆီကို လာတာ နောက်ပြီး ဒိုင်း နဲ့  ချစ်စံ
ကို ကျတော်တို့ ရဲ့ မင်္ဂလာဆောင်မှာ
သတို့သားရံ ၊  သတို့သမီး  လုပ်ခိုင်းမှာ
အခု ချစ်စံ ကိုလည်း ကျတော် ဖုန်းဆက်ထားတယ်
ရန်ကုန်လာဖို့...........ကျတော် တို့ မင်္ဂလာမဆောင်ခင်
ဒိုင်း နဲ့ ချစ်စံ ကို  ပြန်လည် အဆင်ပြေ
အောင် လုပ်ပေးသွားမှာ.............
ဘယ်လိုလဲ အန်ကယ် ကျတော့် အစီအစဉ် ကောင်း
တယ်မလား......... ???? "

" သိပ်ကို ကောင်းတာပဲ သားတန်ခိုး
ကျေးဇူးပါနော် အန်ကယ် သားကို အခုလို
ကူညီ​ပေးတဲ့ အတွက် "

" ကျေးဇူးပါ တန်ခိုး...... မင်းကို ငါ တကယ်
ကျေးဇူးတင်ပါတယ်...... နေမင်းမောင် မင်းကိုလည်း
ငါ  ကျေးဇူးတင်ပါတယ် "

သားဖ နှစ်ယောက်က ကျေးဇူးတွေ ဇွတ်တင်လာတော့
တန်​ခိုး  ​နေမင်း​မောင်​ ကို ကြည့်​ပြီး ပြုံးလိုက်
လေသည်။

အနားက နေမင်းမောင် မှာ တော့ ချစ်စံအိမ် က
သူ့ ဆီကို ရင်ဖွင့် ၊ဦးမာန်ဒိုင်းလျှံ က
သူ့ ကိုကို ကို ရင်ဖွင့်နဲ့ နှစ်ယောက်စလုံးရဲ့ ခံစားချက်တွေ
ကို သိနေ၍ အခုလို မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး
ကူညီပေးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဒါမှလည်း သူငယ်ချင်းတွေကို ကူညီပေးလိုက်ရတဲ့
အတွက် သူတို့  နှစ်ယောက်ရဲ့ မင်္ဂလာပွဲလေးက
ပိုပြီးတော့ လှပသွားမှာလေ... ..။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now