Part [ 47 ] Zg + Uni

2.4K 94 0
                                    

<><><><><><><>  { Part - 47  }

" မာန်ဒိုင်းလျှံ မင်း လက်မှတ်ထိုး..... "

"  ကျတော် မထိုးနိုင်ဘူး ဒယ်ဒီ  ....ကျတော်
ထိုးပေးလိုက်ရင် ကလေးက ကျတော့် အနားက
ထွက်သွားမှာပေါ့ "

" ဒါကို သိရဲ့သားနဲ့ မင်း ဘာလို့ သမီးကို နာကျင်အောင်
လုပ်ရတာလဲ "

" အဲ့ဒီအတွက် ကျတော် ပြန်လည်ပေးဆပ်သွားမှာပါ
ဒယ်ဒီ....... နောက်ပြီး ကျတော့်  က ဒယ်ဒီ
သားပါ.... ကျတော် နာကျင်တာကို ဒယ်ဒီ
မြင်ချင်တာလား အခုလို ကွာရှင်းခိုင်းရ​အောင်​  ....."

ဒိုင်း စကားကို ဦးစစ်မာန် နားထောင်ပြီး
ချစ်စံအိမ် ကို တစ်ချက်ကြည့်လိုက်၏ ။

စားပွဲ​ပေါ်က ကွာရှင်းစာချုပ်လေးကလည်း
ကြည့်မိတာနဲ့တင်​  ဒိုင်း အတွက် နာကျင်စေ​၏ ။

ဝှီးချဲပေါ်က ဒေါ်သီရိ မှာလည်း စကားမပြောနိုင်တဲ့
သူမ အဖြစ်ကြောင့် သားဖြစ်သူကို ကြည့်ကာ
မျက်နှာသိပ်မကောင်းပါချေ..။

" မာန်ဒိုင်းလျှံ မင်းက ဒီလိုပြောလာမှတော့
ငါ့ကလည်း မင်းကို အခွင့်အရေး တစ်ခုတော့
ပေးရမှာပေါ့...... စံစံနိုးဦး နဲ့ ဒေါ်မာလာ ကို
ငါတို့ ထောင်ချနိုင်တာနဲ့ မင်း သမီးချစ်စံ ကို
ကွာရှင်းပေးရမယ်. ....အဲ့ဒီတော့ မင်း ဆုံးဖြတ်ပါ
ငါ့ သမီးချစ်စံ နဲ့ အခု ကွာရှင်းမှာလား
ဒါမှမဟုတ် မင်း အဘွားကို သတ်တဲ့ စံစံနိုးဦး
တို့ကို ထောင်ချနိုင်မှ ကွာရှင်းမှာလားဆိုတာ....
မင်းက ငါ့ သား ဖြစ်တဲ့အတွက် ငါ မင်းကို
ရွေးချယ်ခွင့်ပေးမယ် ကဲ ပြော မင်း ဘာကို ရွေးမှာလဲ.... ပထမတစ်ခုလား ဒုတိယ တစ်ခုလား...? ?? "

" ကျတော် ဘယ်တစ်ခုမှ မရွေးဘူး ဒယ်ဒီ.....
ကျတော့် ကို အခက်တွေ့အောင် မလုပ်ပါနဲ့ "

" အဲ့တာ ငါ လုပ်တာ မဟုတ်ဘူး မင်း စောက်သုံးမကျ
လို့ ဖြစ်ရတာ..... အေး တကယ်လို့ မင်း မရွေးဘူး
ဆိုရင် ငါ တရားရုံးထိ တက်ပြီး မင်းနဲ့ သမီးချစ်စံ ကို
ရအောင်  ကွာရှင်းပေးမယ် "

ပြတ်သားတဲ့ ဒယ်ဒီ စကားတွေကြောင့် ဒိုင်း ဘာဆက်လုပ်
ရမှန်းမသိ ဖြစ်သွားရတော့သည်။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now