Part [ 20 ] Zg + Uni

3.8K 129 0
                                    

<><><><><><><>  { Part - 20   }

" ချစ်စံအိမ် အဲ့တာ မင်း ဘာလုပ်နေတာလဲ ...??
ကားပေါ် မတက်သေးဘူးလား ဘာလဲ တစ်ယောက်တည်း နေခဲ့ချင်တာလား.....ဒါဆို ငါ ထားခဲ့ပေးလိုက်မယ်
အဲ့ကျမှ ငိုမဲ့မဲ့မလုပ်နဲ့ မင်းကို လာခေါ်မယ့်သူ ဘယ်သူမှ
ရှိမှာမဟုတ်​ဘူး"

" ငိုမဲ့မဲ့ လုပ်လည်း ဘာဖြစ်လဲ ဦးမာန်ဒိုင်းလျှံ ရဲ့
လာခေါ်မယ့်သူ ကျွန်တော် တစ်ယောက်လုံး ရှိတယ်ေ​လ
ဟုတ်​တယ်​မလား  မောင့် ချစ်စံလေး "

" ဟင်..... မောင် "

ချစ်စံ နားကို ခြေလှမ်းကြဲကြီးနဲ့ လျှောက်လာရင်းကနေ
ချစ်စံ မေးစေ့လေးကို အသာ​လေးဖဲ့ပြီး ပြောလိုက်သော မောင်
ကြောင့် ချစ်စံ မျက်လုံးပြူးသွားမိသည်။ နောက်ပြီး
ချစ်စံ ဝမ်းနည်းနေတဲ့ အချိန်မှာ ရောက်လာပေးတဲ့
အတွက်လည်း မောင့်ကို ချစ်စံ တကယ်ကျေးဇူးတင်မိသည်။

ချစ်စံအိမ် ကို ငေါက်နေသော ဒိုင်း ခမျာလည်း
နေမင်းမောင် လုပ်ရပ်ကြောင့် ကားပေါ်ကနေ
ချက်ချင်းဆင်းလာခဲ့၏ ။

" ချစ်စံအိမ် အခုချက်ချင်း ကားပေါ်တက်  "

ထိုအချိန် အနားကို ရောက်လာပြီး ချစ်စံ လက်ကို ဆွဲကာ ကားပေါ်တက်ဖို့ ပြောလိုက်သော ဦးဒိုင်း ကြောင့် ချစ်စံ
ဦးဒိုင်း ကို ကြည့်လိုက်​မိသည်​။

" နင် ဘယ်သူနဲ့ လိုက်မလဲ ချစ်စံ...... ဦးမာန်ဒိုင်းလျှံ
နဲ့လား ငါနဲ့လား..... "

" ချစ်စံအိမ် က ငါနဲ့ သက်ဆိုင်တဲ့အတွက် ငါနဲ့ပဲ
လိုက်ရမှာပေါ့  အဲ့ဒါ မင်း မသိဘူးလား နေမင်းမောင် "

ယုံကြည်ချက် အပြည့်နဲ့ ပြောနေသော မာန်ဒိုင်းလျှံ ကို
နေမင်းမောင် ကြည့်ပြီး ပါးစောင်ကို လျှာနဲ့ထိုးလိုက်ကာ
မဲ့ပြုံး ပြုံးလိုက်​ပြီး.........

" အဟက်..... ဦးမာန်ဒိုင်းလျှံ ခင်ဗျားနဲ့ ချစ်စံ က
စာချုပ်အရပဲ သက်ဆိုင်တာပါ......တကယ်တမ်း
တစ်နှစ်ပြည့်သွားရင် ခင်ဗျားတို့ က ကွာရှင်းကြမှာလေ
ဒီတော့ ချစ်စံ မှာ သူ့ စိတ်ကြိုက်ရွေးပိုင်ခွင့်ရှိတယ်
ဟုတ်တယ်မလား... နောက်ပြီး ခင်ဗျားရဲ့ စာချုပ်အရဆို
ရင် တစ်ယောက် ကိစ္စ တစ်ယောက် ဝင်မစွက်ဖက်
ကြေးနော် အဲ့ဒီတော့ ကျွန်တော် အထူးတလည်
ပြောစရာမလိုပါဘူး ချစ်စံ က ဘယ်သူနဲ့ လိုက်မယ်
ဆိုတာကို........ ဒါ​ကြောင့်​ လိုက်​သင့်​မလိုက်​သင့်​ကို
ချစ်​စံ ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချရမှာလေ အဲ့ဒါ ခင်​ဗျား 
မ​မေ့ပါဘူး​နော်​ "

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now