<><><><><><><> { Part - 53 }" ဘယ်လိုလဲ စံစံနိုးဦး ငါ ပြောတာ မှန်တယ်မလား
......မင်း မပျော်ရွင်ဘူး မဟုတ်လား အဟင်း
ထင်ပါတယ် မင်းလို စိတ်ဓာတ်အောက်တန်းကျပြီး
သူများ အသက်ကို လွယ်လင့်တကူ သတ်ရဲတဲ့
မိန်းမက ဘယ်လိုလို့ ပျော်ရွင်နိုင်မှာလဲ
မပျော်ရွင်နိုင်တဲ့ အပြင် တစ်ယောက်တည်း
အထီးကျန်ပြီး ကယောင်ခြောက်ခြားဖြစ်နေမှာ
ဒါတင်မကသေးဘူး ညတိုင်းပဲ မင်း အိမ်မက်ဆိုး
တွေ မက်နေမှာ.. ....မက်တဲ့အပြင် မင်း ဘဝက
ဒီ တစ်သက်ပျော်ရွင်လာနိုင်မှာ မဟုတ်ဘူး "" ဘာလို့ မပျော်ရွင်ရမှာလဲ ချစ်စံအိမ် ကို
စံ က ကလေး ပျက်..........."ယောင်ပြီး ပြောမိသွား၍ ပြောမိတာကို သိလိုက်ချိန်
စံစံနိုးဦး ရပ်ပစ်ကာ သူမ ပါးစပ်ကို လက်နဲ့ ချက်ချင်း
အုပ်ပစ်၏ ။" ဟမ်...!!! မင်း ဘာပြောလိုက်တယ်
စံစံနိုးဦး "ချစ်စံအိမ် ကို ဆိုပြီး နောက်က စကားလုံးက
ဝိုးတိုးဝါးတားနဲ့ အသံတိုးသွားပြီး ရပ်သွားတော့
ဒိုင်း ချက်ချင်းမေး၏ ။" ဘာမှမဟုတ်ဘူး ကိုဒိုင်း..... ဘာမှမဟုတ်ဘူး
ချစ်စံအိမ် အခု ဘယ်ရောက်နေလဲဆိုတာကို
မေးတာ "" မေးစရာမလိုဘူး မင်းနဲ့ ဘာမှမဆိုင်ဘူး စံစံနိုးဦး
လုံခြုံရေးတွေ သူ့ကို အခုချက်ချင်း ဒီထဲက
နေ မောင်းထုတ်လိုက်..... သူ ဝင်လာတာ
မြင်တာနဲ့ ချက်ချင်းဆွဲထုတ် နောက်တစ်ခါ
သူ့ကို မြင်ရင် မင်းတို့ကို ငါ ချက်ချင်း အလုပ်ထုတ်ပစ်မယ် "" ဟုတ်ကဲ့ သူဌေး "
အနားကို ရောက်လာတဲ့ လုံခြုံရေး ဝန်ထမ်းတွေကို
ဒိုင်း ပြောပြီးတာနဲ့ company ထဲ ဝင်သွားခဲ့၏ ။" လွှတ်....!!!! လွှတ်......!!! နင်တို့ ငါ့ကို
လွှတ် ငါ့ ဟာငါ သွားမယ် "ဒိုင်း ထွက်သွားတာနဲ့ သူမ လက်ကို ကိုင်လာကြတဲ့
လုံခြုံရေးဝန်ထမ်းတွေရဲ့  လက်ကို စံစံနိုးဦး
ပုတ်ထုတ်ကာ company ထဲကနေ
အမြန်ထွက်သွားတော့၏ ။
YOU ARE READING
ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )
Romanceတစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လိုက်ရတဲ့ အခါ.....နောက်ပြီး သူ လက်ထပ်လိုက်ရတဲ့ ကလေးမလေးက သူ တွဲခဲ့တဲ့ ရည်းစားတွေထက် ရုပ်ဆိုးပြီး ပုံတ...