Part [ 41 ] Zg + Uni

2.6K 90 1
                                    

<><><><><><><>  { Part - 41 }

ပိုပြီးနီးလာတဲ့ ဦးဒိုင်း မျက်နှာကြောင့် ဖယ်ပေးဆိုတဲ့
စကားကို ချစ်​စံ ထပ်​ပြောလို့ မရတော့ပါ။ ထပ်ပြောရင် နမ်းမိသွားလိမ့်မည်။

ဒါကြောင့် ဒီတစ်ကြိမ်မှာ ဖယ်ပေးဖို့ကို  မျက်လုံးနဲ့ပဲ 
ချစ်စံ ပြောလိုက်​သည်။

ဒါကို မာန်ဒိုင်းလျှံ ရီဝေစွာ စိုက်ကြည့်ပြီး  နှုတ်ခမ်းကို
လျှာနဲ့ သပ်လိုက်ကာ ...........

" ချစ်တယ် ကလေး. ....ကလေး ကို ကိုယ် အရမ်းချစ်တယ် "

ပြောရင်းနဲ့ ထပ်တိုးလာတော့ နမ်းမိဖို့က ဘယ်လောက်မှ
မလိုတော့ပါ။  ဒီလိုနဲ့ ဦးဒိုင်း မျက်နှာက ချစ်စံ ပေါ်
တဖြေးဖြေး ငုံ့ကျလာတော့ ဟိုဘက်ကို ချစ်စံ မျက်နှာ
လွှဲပစ်လိုက်သည်။

ဒိုင်း နမ်းဖို့အတွက် တိုးလာတာကို ကလေးက ရှောင်လိုက်
တော့ သူ  စိတ်ထဲ အောင့်သက်သက် ဖြစ်သွားရသည်။

ဒီနေရာမှာ နေမင်းမောင် သာ ဖြစ်ခဲ့မယ်ဆိုရင် ကလေးက
ရှောင်မှာ မဟုတ်ပါ။  ဘာလို့ဆို ကလေး ချစ်တဲ့သူက
သူ မဟုတ်ဘဲ နေမင်းမောင် ဖြစ်နေတာကြောင့်ပင်..... ။

အတွေးနဲ့အတူ  ဒိုင်း တွေဝေသွားကာ  ချစ်စံအိမ် ကိုယ်ပေါ်
ကနေ ချက်​ချင်းဖယ်ပေးလိုက်၏ ။

ထိုအခါကျမှ ချစ်စံအိမ် ကလည်း ကုတင်ပေါ်ကနေ ထ
လာပြီး ဒိုင်း ကို စိုက်ကြည့်လာ၏ ။

"  နောက်တစ်ခါ ဒီလိုလုပ်တာကို ဆင်ခြေပေးပါ
ဦးမာန်ဒိုင်းလျှံ ......တစ်ချိန်ကျရင် ရှင် နဲ့ ကျမ က
ကွာရှင်းရမယ့် သူတွေပါ .....ဒါကြောင့် ဒီအပြုအမူကို ဆင်ခြင်ပေးပါ..... နောက်ပြီး ရှင့် ဘက်က
ကွာရှင်းမပေးလည်း ကျမ ဘက်ကတော့ ရှင့်ကို
သေချာ​ပေါက်​  ရအောင် ကွာရှင်းမယ်ဆိုတာ မှတ်ထားပေးပါ "

ဒိုင်း နှုတ်ခမ်းလုံးလုံး​လေးကနေ ဒီလို ရက်စက်တဲ့ စကားတွေ
ပြောနေသော ကလေး ကို ကြည့်ပြီး သူ့ မျက်နှာကို
အတတ်နိုင်ဆုံး တည်ထားပစ်လိုက်သည်။

" ကိုယ် ပြောပြီးပြီလေ ကလေး...... ကိုယ် သေမှပဲ
မင်း ကိုယ့်ဆီကနေ ထွက်သွားနိုင်မယ်ဆိုတာ
ဒါကြောင့် မင်း ကိုယ့်ကို အဲ့ဒီလောက်တောင် ကွာရှင်း
ချင်နေရင် အရင်ဆုံး ကိုယ့်ကို သတ်သွားလိုက် "

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now