Part [ 12 ] Zg + Uni

3.5K 124 4
                                    

<><><><><><><>  { Part - 12  }

ဒိုင်း သူ့ နှုတ်ခမ်းကို မနမ်းတတ် နမ်းတတ်နဲ့ စုပ်ယူ
နမ်းရှိုက်လိုက်သော ချစ်စံအိမ် ရဲ့ အထိအတွေ့ကြောင့်
ဒိုင်း စိတ်တွေအကုန်လွတ်ထွက်သွားပြီး သူ့
နှုတ်ခမ်းလေးကို နမ်းနေသော ချစ်စံအိမ် ရဲ့ နှုတ်ခမ်းလေး
ကို ဒိုင်း သည်းကြီးမည်းကြီး စုပ်ယူလိုက်သည်။

နောက်ပြီး နမ်းရင်းတန်းလန်းနဲ့လည်း ဒိုင်း ရဲ့ လက်တစ်စုံက ချစ်စံအိမ် ကျောပြင်က ဂါဝန်ဇစ်လေးကို အလိုလိုရောက်ရှိသွား
ပြီး ဇစ်လေးကို ဒိုင်း အမြန်ဆွဲဖွင့်လိုက်သည်။

ဂါဝန်ဇစ်လေးက ခါးအောက်ကို ရောက်သွားတာနဲ့
ဂါဝန်လေးကို ချစ်စံအိမ် ကိုယ်ပေါ်ကနေ ဒိုင်း အသာလေး
မပြီး ဆွဲဖယ်ပစ်ဖို့အပြင်.....ထိုအချိန် ဒိုင်း မျက်လုံး
တစ်​စုံက ချစ်စံအိမ် ကိုယ်လေးကို  အကြည့်ရောက်သွားပြီး
ထိုအခါ ဒိုင်း တွေ့လိုက်ရတာက  မိန်းမတစ်ယောက်ရဲ့
တကယ့်အလှတရားစစ်တွေကိုပင်......။

ခဏလောက် ဒိုင်း စိုက်ကြည့်ပြီး ချက်ချင်းဆိုသလို
ခေါင်းခါယမ်းလိုက်ကာ ချစ်စံအိမ် ဂါဝန်လေးကို
သူ ဇစ်ပြန်တပ်ပေးလိုက်သည်။

" မင်း မလုပ်ရဘူး ဒိုင်း....... မင်း မလုပ်ရဘူး
စိတ်ထိန်းစမ်း .......... ချစ်စံအိမ် ကို မင်း မချစ်ဘူး
လေ......... ဒါကြောင့် မင်း ဒီလို မလုပ်ရဘူး"

ဝိုင်အရှိန်ကြောင့် ဒိုင်း သူ့  ကို ပြုံးပြနေသော ချစ်စံအိမ်
ကို ကြည့်ကာ သူ့ ဆံပင်တွေကို စိတ်ပျက်စွာနဲ့ ထိုးဖွ
နေရင်း...........

" ဘာကြောင့်လဲ...???  ချစ်စံအိမ် ......ဘာကြောင့်လဲ
မင်းကို ငါ မချစ်ဘဲနဲ့ နမ်းတာထက်ပိုတဲ့ လုပ်ရပ်တွေ
ငါ လုပ်ချင်နေမိတာလဲ...... ဒါ့အပြင် ငါ့ ရင်တွေကပါ
ဘာလို့ ခုန်နေရတာလဲ...... ဘာပဲဖြစ်ဖြစ်ပါ သေချာတာက
တော့ မင်းက ငါ့ အကြိုက်မဟုတ်ဘူး ဒါကြောင့် မင်းကို ငါ ဒုက္ခ မပေးချင်ဘူး "

ချစ်စံအိမ် ကိုယ်လေးကို ကားကူရှင်ပေါ် ဒိုင်း ပြန်ချပေးလိုက်ပြီး
ကားစက်ကို နိုးလိုက်သည်။  ကားစက်နိုးနေတဲ့
အချိန်အတွင်းမှာလည်း ဒိုင်း ချစ်စံအိမ် ကို ပြန်
လှည့့်ကြည့်လိုက်တော့ ချစ်စံအိမ် အိပ်ပျော်သွားတာကို
သူ မြင်လိုက်ရ၏ ။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now