<><><><><><><> { Part - 52 }မောင် ကို ပြောပြီး သောက်စရာသွားယူဖို့
ချစ်စံ အသွား ထောင့်ကြားထဲကနေ ထွက်လာတဲ့
အစားအသောက် တွန်းလှည်းကို
လူက မမြင်ဘဲ တိုက်မလို ဖြစ်သွားခဲ့သည်။တိုက်ပြီလို့ ထင်ပြီး မျက်လုံးကို ချစ်စံ စုံမှိတ်လိုက်ချိန်
ချစ်စံ ကိုယ်လေးကို စွေ့ကနဲပွေ့လိုက်သော လူကြောင့်
လူက လန့်ပြီး ထိုလူကို ဖက်ထားသွားမိရာကနေ ချစ်စံ ကြည့်လိုက်မိသည်။ထိုအခါ ချစ်စံအိမ် တွေ့လိုက်ရတာက
မာန်ဒိုင်းလျှံပင် ......... ။" ဟင်.......ဦးဒိုင်း "
" မင်း ဘယ်လိုတွေ လျှောက်နေတာလဲ ချစ်စံအိမ်
မျက်လုံး မပါဘူးလား "ငေါက်ပြီး ချစ်စံ ကိုယ်လေးကို လွှတ်ပေးလိုက်ကာ
အနားကနေ ထွက်သွားသော ဦးဒိုင်း ကို
ချစ်စံ ကြည့်နေမိသည်။တွေ့ဆုံမှုက သိပ်ကို ဆန်းကြယ်ပါသည်။
ရန်ကုန် ကလူနဲ့  မန္တလေးကလူက ပြင်ဦးလွင်
မှာ လာဆုံကြသည်။ သို့သော် ထိုတွေ့ဆုံမှုမှာ
မုန်းတီးမှုတွေ ပါနေခဲ့သည်။ ဒါတွေကလည်း
ချစ်စံ လုပ်ထားတာပင်.....။အရင်ကထက် ချောမောမှုတွေကတော့ ဦးဒိုင်း မှာ
ရှိနေစမြဲပင်.....။ ဒါပေမဲ့ အနည်းငယ်တော့
ဦးဒိုင်း ပုံစံက ရင့်ကျက်သွားခဲ့သည်။************************
" 900 တစ်ကြိမ် "
" ကျတော် တစ်ထောင် ပေးတယ် "
တုံးကို ခေါက်ပြီး လေလံကြေညာသူက အော်ရန်အလုပ်
ရှေ့ဆုံးမှာ ထိုင်နေတဲ့ မာန်ဒိုင်းလျှံ က
တစ်ထောင်ဆိုပြီး လက်ထောင်၏ ။" ဟုတ်ကဲ့ ဒါဆို တစ်ထောင်ဖြစ်သွားပါပြီ
တစ်ထောင် ထက် ပိုပေးမယ့်သူ ရှိသေးလား
မသိဘူး ....မရှိရင် ကျတော် ဝမ်းနင်ခေါ်ပါ့မယ် "လေလံကြေညာသူ ရဲ့ စကားကြောင့် ဒိုင်း နဲ့
ကပ်လျက် သုံးခုံကျော်အလိုက ချစ်စံအိမ် မှာ
လက်ထထောင်၏ ။" ကျမ ဆယ့်တစ်ပေးတယ် "
သူ့ ထက် တစ်ဆပိုပေးလိုက်သော ချစ်စံအိမ်
ကို ဒိုင်း ကြည့်ကာ ပါးစောင်ကို လျှာနဲ့ ထိုးပြီး.....
YOU ARE READING
ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )
Romanceတစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လိုက်ရတဲ့ အခါ.....နောက်ပြီး သူ လက်ထပ်လိုက်ရတဲ့ ကလေးမလေးက သူ တွဲခဲ့တဲ့ ရည်းစားတွေထက် ရုပ်ဆိုးပြီး ပုံတ...