Part [ 30 ] Zg + Uni

3.4K 118 2
                                    

<><><><><><><> { Part - 30 }

" ချစ်စံ ရော ဒယ်ဒီ "

" မန္တ​လေး ပြန်သွားတယ် သား , သမီးလေး က
သူ့ အဘွား ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး
ဟိုမှာ လုပ်​စရာ​လေးရှိလို့တဲ့ "

" သူ တစ်ယောက်တည်းလား ဒယ်ဒီ "

" သူ့ ကောင်ရော ပါသွားတယ် သားဒိုင်း
မာမီ သား ကသာ ချစ်စံအိမ် ကို ကာကွယ်ပေး​နေ.....
အဲ့ဒီကောင်မ ကတော့ အရှက်မရှိလိုက်ပုံများ
မန္တ​လေး သွားတာတောင် သူစိမ်းယောင်္ကျားတစ်ယောက်
ကို အဖော်ခေါ်သွားတယ် "

ဒယ်ဒီ ကို မေးနေတုန်း မာမီက အခန်းထဲ ဝင်လာရင်းနဲ့ ဖြတ်ဝင်ပြောလိုက်တော့ မာမီ စကားကြောင့် သူ့ စိတ်ထဲ
အောင့်သက်သက် ဖြစ်သွားရသည်။

ချစ်​စံအိမ်​ မန္တ​လေး သွားတာကို ဒိုင်း မသိလိုက်​ရတာက
တစ်​​ကြောင်း ၊ ​စော​စောစီးစီး မနိုးတဲ့အတွက်​လည်း
သူ့ကိုယ်​သူ အလိုမကျ ဖြစ်​လို့ သွားခဲ့၏ ။

>>>>>>>>>>>>>>>

" ဒါဆို ချစ်စံ စိတ်ချမယ်နော် တီမေ
တီမေ ပဲ ကောင်းမယ်ထင်တာတွေကို ဆက်လုပ်ပေးပါနော်
ချစ်စံ အားကိုးပါတယ် တီမေ "

ဘွားဘွား ရဲ့ အတွင်းရေးမှူး ဖြစ်တဲ့ အန်တီမေဦး က
ချစ်စံ ဘွားဘွား ရှိစဉ်ကတည်းက သိပ်ကို အားထား
ရသည်။ အခုလည်း ဘွားဘွား company ကို
တီမေ က ဦးဆောင်ပြီး ကူညီပေးနေသည်။

ဒီအတွက်တော့ ချစ်စံ စိတ်အေးရပါသည်။ နောက်ပြီး
တီမေ က ချစ်စံ တို့ မိသားစုရဲ့ အလုပ်သမားဆိုပေမဲ့
မိသားစု နီးနီးလောက် ကောင်းသည်။ ဒါကြောင့်
ချစ်စံ ဘွားဘွား ပိုင်ဆိုင်တဲ့ company ကို
တီမေ နဲ့ဆို ချစ်စံ စိတ်ချသည်။ အမွေကိစ္စတွေက
တော့ ချစ်စံ ဒီရောက်ရောက်ချင်းမှာပဲ ဘွားဘွား ရှေ့နေ့နဲ့
ပြောလို့ပြီးသွားခဲ့ပြီ။ အမွေတွေ အကုန်လုံးကိုလည်း
ဘွားဘွား က သူ မဆုံးခင်ကတည်းက ချစ်စံ နဲ့
ဖေဖေ ကို အကုန်​လွှဲပြီးသားပင်...။ အခု ဖေဖေ လည်း
မရှိ​တော့ ဖေဖေ့ အမွေတွေပါ ချစ်စံ လက်ခံလိုက်ရသည်။

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now