<><><><><><><> { Part - 13 }" မနာလိုလို့ ဟုတ်လား အစ်ကိုကြီး...... ကျွန်မက
ဘာလို့....... "" တော်တော့ ချစ်စံအိမ်.......!!! တော်တော့....!!!
လိမ်နေတာကို ရပ်လိုက်တော့ "စားပွဲထိုးလေးနဲ့ အတင်းတွေ ပြိုင်ငြင်းနေသော ချစ်စံအိမ်
ကို ဒိုင်း စိတ်မရှည်တဲ့အဆုံး ရပ်ခိုင်းလိုက်၏ ။
ထိုအခါ ဒိုင်း စကားအဆုံး ချစ်စံအိမ် မျက်ဝန်းကနေ
မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလာပြီး
ဒိုင်း ကို နာကျင်စွာ စိုက်ကြည့်ကာ ........" လိမ်နေတယ် ဟုတ်လား ဦးဒိုင်း....??
ချစ်စံ က လိမ်နေတယ် ဟုတ်လား....??
ဦးဒိုင်း အဲ့ဒီလို ထင်တယ်ပေါ့........ချစ်စံ ကို အဲ့ဒီလို
ထင်တယ်ပေါ့......... "မျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး မျက်ရည်တွေကျကာ
မေးနေသော ချစ်စံအိမ် ကို ဒိုင်း ကြည့်ကာ........" ထင်တယ် ချစ်စံအိမ်.........ဒီကောင်လေးက
ငါတို့ကို ဘာလို့လုပ်မှာလဲ လုပ်ရအောင်လည်း
ဒီကောင်လေးနဲ့ ငါနဲ့က ရန်ငြိုးရန်စမရှိဘူး
မင်းသာ စံစံ ကို မနာလိုပြီး လုပ်တာမဟုတ်လား
ဝန်ခံလိုက်စမ်းပါ ချစ်စံအိမ်.... မင်း ဝန်ခံလိုက်စမ်းပါ "ချစ်စံ ကို မယုံကြည်တဲ့ သူတစ်ယောက်ကို ချစ်စံ
ဒီထက် ရှင်းမပြချင်တော့ပါ။ ရှင်းပြနေလည်း
အပိုသာ ဖြစ်မည်။ အခုတောင် ချစ်စံ ကို
ဦးဒိုင်း က စွပ်စွဲပြီး သံသယမျက်လုံးတွေနဲ့ ကြည့်နေခဲ့ပြီလေ။
ဒါ့အပြင် အခုမှ တွေ့ဖူးတဲ့ စားပွဲထိုးလေး ကို
ချစ်စံ ထက် ဦးဒိုင်း က ပိုပြီးယုံကြည်နေခဲ့သည်။" ဟုတ်တယ် ဦးဒိုင်း. ......ချစ်စံ လုပ်တာ ဦးဒိုင်း
ပြောသလို မစံစံ ကို ချစ်စံ မနာလိုပြီး လုပ်တာ..... .
အဲ့ဒီတော့ ချစ်စံ ကို ဘာလုပ်မှာလဲ......
ဘာလုပ်မှာလဲ ဦးဒိုင်း..... ဦးဒိုင်း ဘာလုပ်မှာလဲ
ပြောလေ.......!!!! "" ဘုန်း............ဘုန်း......ဘုန်း "
ဒိုင်း သူ့ ရင်ဘတ်ကို အသားကုန်ထုရိုက်ပြီး
နာကျင်စွာနဲ့ အံ့ကြိတ်ကာ စိုက်ကြည့်နေသော
ချစ်စံအိမ် ကို စိတ်တိုစွာ ကြည့်ပြီး မဲ့လိုက်ကာ.......
YOU ARE READING
ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )
Romanceတစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လိုက်ရတဲ့ အခါ.....နောက်ပြီး သူ လက်ထပ်လိုက်ရတဲ့ ကလေးမလေးက သူ တွဲခဲ့တဲ့ ရည်းစားတွေထက် ရုပ်ဆိုးပြီး ပုံတ...