Part [ 17 ] Zg + Uni

3.4K 111 3
                                    

<><><><><><><>  { Part - 17  }

ကုတင်ပေါ်မှာ ချစ်​စံအိမ်​ ကို ဒိုင်း က တစ်ယောက်တည်း
ထားပြီး ရေချိုးခန်းထဲ ဝင်သွားတော့ ချစ်စံအိမ်
တစ်ယောက် ဆေးအရှိန်ကြောင့် နေရတွေခက်ပြီး
ကုတင်ပေါ်မှာ လူးလွန့်နေခဲ့၏ ။

အရမ်းပူလာတာကြောင့် အင်္ကျီကြယ်သီးတွေကို ချစ်စံအိမ်
အသားကုန် ဆွဲဖြုတ်လိုက်သည်။  ဒါတင်မက
သူမ တစ်ကိုယ်လုံးမှာ ရှိတဲ့ အဝတ်အစားတွေကိုပါ
မချန် ချစ်စံအိမ် ဆွဲချွတ်နေခဲ့၏ ။

ချွတ်ရင်း ချွတ်ရင်းနဲ့ ချစ်စံအိမ် တစ်ကိုယ်လုံးမှာ
ဘာအဝတ်အစားမှ မရှိတော့ပေ။ မိ​မွေးဖ​မွေးသလို​လေး
ဖြစ်​​သွားခဲ့၏ ။

" ဟာ ဘာလို့ပူသေးရတာလဲ... ..ရေချိုးမယ်
ချစ်စံ ရေချိုးမယ် "

ကုတင်ပေါ်ကနေ အဝတ်စလစ်နဲ့ ဆင်းလာသော
ချစ်စံအိမ်  ရေချိုးဖို့အတွက် ရေချိုးခန်း
ထဲအလာ... ...ထိုအချိန် ရေချိုးခန်းထဲမှာ ရှိနေသော
ဒိုင်း က တံခါးကို အဖွင့်......ထိုအခါ 
အဝတ်စလစ်ဖြစ်နေသော ချစ်စံအိမ် ကိုယ်လေးကို
ဒိုင်း ကြည့်ပြီး မျက်လုံးပြူးသွားကာ.......

" အား.....!!!!! အား....... .!!!!!! ချစ်စံအိမ်......မင်း.... .မင်း.......မင်း.....!!!!!  "

ဒိုင်း တစ်ကိုယ်လုံး ကြက်သီးတွေ တဖြန်းဖြန်းထပြီး
လူက ယိုင်တိုင်တိုင် ဖြစ်ကာ နောက်ပြီး ချစ်စံအိမ်
ကို မကြည့်မိဖို့အတွက်လည်း သူ့ မျက်နှာကို
လက်နဲ့ အသားကုန်အုပ်ထားရ၏ ။

>>>>>>>>>>>>>

"  ဦးဒိုင်း........ ဦးဒိုင်း  ထတော့လေ
company သွားဖို့ နောက်ကျနေပြီ..... "

" အား...... ကျွတ်စ်...... ကျွတ်စ် "

ခေါင်းကို လက်နဲ့ ဖိထားရင်းကနေ ညည်းတွားပြီး
ထလာသော ဒိုင်း ကို ချစ်စံအိမ် ကြည့်ပြီး
စိတ်မချမ်းမသာ ဖြစ်ကာ.........

" ခေါင်းကိုက်နေတာလား ဦးဒိုင်း....
ဒါဆို ချစ်စံ  သံပရာရည် ဖျော်ပေးမယ်နော် "

" မလိုဘူး ချစ်စံအိမ် ဖျော်ပေးစရာမလိုဘူး
ငါ အိပ်ရေးပျက်သွားလို့ပါ........ "

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now