အပိုင်း (၁)

18.7K 731 43
                                    

(Unicode)

အပိုင်း (၁)

နိုဝင်ဘာ 11 ရက်။ ၂၀၁၄ ခုနှစ်။

' သွားတော့မယ် '

မာဖလာအစိမ်းကို လေတိုးပေါက် မရှိအောင် သေချာ ပတ်ပေးလာသည့် မေမေက သူ့ကို တစ်ခုခု ပြောချင်သလို အကြည့်မျိုးနဲ့ ကြည့်လာသည်။

ဘယ်တော့မှ မနွေးဘဲ အေးစက်နေတတ်တဲ့ သူ၏ လက်တွေကို မေမေက ‌ဆုပ်ကိုင်ထားသည်။

ခဏနေပဲ စာမေးပွဲက စတော့မှာကို။

' အမှတ်ပြည့် ဖြေရမယ်နော်
သိတယ်မဟုတ်လား ကလေး '

မူလတန်း ကလေးလိုမျိုး သူ့ပါးတွေကို အုပ်ကိုင်ပြီး အပြုံးနဲ့ ပြောသည်ကြောင့် ဝန်ထုတ်ဝန်ပိုး ဆိုတဲ့ ခံစားချက်ကိုတော့ ရလိုက်သား။

မေမေတို့ ဆန္ဒကို မလိုက်လျောနိုင်ဘူး။ မဟုတ်ဘူး။ မလိုက်လျောဘူးလို့ကို ဆုံးဖြတ်ထားတာ။

' သွားတော့မယ် '

ခပ်မြန်မြန်ပဲ ကျောင်းဝင်းထဲကို ပြေးဝင်သည့် သူ။ အနွေးဓာတ် ငွေ့ငွေ့ကို ခံစားမိသော်လည်း လက်ဖျားတွေကတော့ အေးစက်နေတုန်းပဲ။

ဆောင်းရာသီက စိတ်ပျက်စရာပဲ။

‌‌ထုံနေသည့် လက်တွေနဲ့ ‌ရှေ့မှ ဆင့်ကမ်းပေးလာသည့် မေးခွန်း စာရွက်ကို ယူလိုက်သည်။ ငွေရောင် ဘောပင်အဖုံးကို ချွတ်ပြီး ဘေးမှာ ချထားရင်း ဖြေဆိုမှုကို စတင်သည်။

မေးခွန်းတိုင်းက မှတ်ဉာဏ်ကောင်းတဲ့ သူ့အတွက်တော့ အဆင်ပြေသည်။

ပုဒ်စာတစ်ပုဒ်ကို တွေ့တိုင်း သင်ခန်းစာ ဘယ်လောက်က၊ စာမျက်နှာ ဘယ်လောက်က ဘယ်အပုဒ် ဆိုတာကိုက အစ မှတ်မိပြီး မြင်ယောင်နေတာမျိုး။

ဆံပင်နက်နက်တွေကို အတွေးကြပ်သလို ထိုးဖွရင်း နှုတ်ခမ်းက ငွေရောင် သတ္တု ကွင်းကို ဆော့ကစားသည်။

ဘယ်အပုဒ်ကို ခြစ်ချခဲ့ရမလဲ..?

မိနစ်သုံးဆယ်ပဲ ကျန်တယ်။ ရှေ့စာမျက်နှာ သုံးရွက်က လွှဲပြီး ကျန်စာမျက်နှာတွေကို ကန့်လန့်ဖြတ် မှင်ဖြင့် ခြစ်ချလိုက်သည်။

UNTIL {Completed}Where stories live. Discover now