အပိုင်း (၁၅)

2.7K 311 8
                                    

(Unicode)

အပိုင်း (၁၅)

' ဒါက ဘာလဲ ကင်ထယ်ဟျောင်း။ '

ရှေ့က ပိတ်ရပ်ပြီး မေးလိုက်သည်။ ဒီလူက ကုတ်အင်္ကျီ တစ်ထည်ကို လက်မှာချိတ်ပြီး သွားဖို့ ဟန်ပြင်နေတာ။ ဘယ်သူက ခွင့်ပြုလို့လဲ?

' ပုံကြမ်းမှာ ပြဿနာ ရှိနေလို့ ကိုယ်သွားရမယ်။ '

' မသွားရဘူး။ ခင်ဗျားကို ဖုန်းပဲ ပြောဖို့ ပေးလိုက်တာလေ။ '

ဒီလောက် ပြောထားရက်နဲ့။

ဦးက အဲ့လိုပဲ သူလုပ်ချင်တာ မလုပ်ရရင် သက်ပြင်းတစ်ချချနဲ့။ အခုလည်း ဆံပင်တွေကို ထိုးဖွနေသည်။

' ဖယ်ပါ။ '

' Mail ကနေ Meeting ထိုင်လို့မရဘူးလား။ ခင်ဗျားကိုယ်တိုင်သွားမှလား ကင်ထယ်ဟျောင်း။ ဘာလဲ အဲ့ကောင်က သိပ်တွေ့ချင်နေတယ်တဲ့လား?! '

ဦးက ဒေါသထွက် သွားသည်။ မျက်နှာက ခပ်ထန်နေသည်။ ‌

' ကိုယ်မင်းဆီက ဘာကိုအမျှော်လင့်ဆုံးလဲ သိလား ဂျုံးကု။ မြန်မြန် ရင့်ကျက်လာပြီး ကိုယ့်ကို နားလည်နိုင်တဲ့ တစ်နေ့ကိုပဲ ရောက်လာစေချင်တာ။ ဒီလို ကလေးဆန်တာမျိုးတွေကို ကိုယ်မုန်းတယ်။ '

ရယ်လိုက်မိသည်။ ဒါက ဘယ်သူ့အတွက် လုပ်နေတယ် ထင်လို့လဲ။ ကင်ထယ်ဟျောင်းက အမြဲ လူကို လူဆိုးကောင် ဖြစ်အောင် လုပ်တယ်!

' မုန်းတယ် ? ဟက်.. ချစ်ကြောင်းကိုတောင် တစ်ခါမှ မပြောဖူးတဲ့ လူက မုန်းစကားတော့ အလွယ်လေး ထွက်သားပဲ။ '

နာနာကျင်ကျင် ရေရွတ်မိတော့ မျက်လုံးတွေက ဖြတ်ခနဲ မော့ကြည့်လာသည်။ အမှန်တွေ ပြောရင် ဒီလူက ဒေါသလည်း သိပ်ထွက်တတ်တာ။

နောက်ဆုံးတော့ ဂျုံးကု ကားသော့ကို ဆော့ကြီးအောင့်ကြီးနဲ့ ဆွဲယူပစ်လိုက်သည်။ အခန်းပြင်ကို ထွက်လာခဲ့ပြီး ဖိနပ်စင်နားမှာ ဖိနပ်ကြိုးကို ချည်ပြီးသည်အထိ အခန်းထဲက ထွက်မလာသေးတဲ့ လူ။

အသံကို ထိန်းပြီး အော်ခေါ်လိုက်သည်။ ဒါက သူလုပ်နိုင်တဲ့ တစ်ခုတည်းသော လိုက်လျောချက်ပဲ။

' လာလေ !! နောက်ငါးမိနစ်အတွင်း ပါကင်ကို ရောက်မလာရင် မစောင့်ဘူးနော် ကင်ထယ်ဟျောင်း !! '

UNTIL {Completed}Tahanan ng mga kuwento. Tumuklas ngayon