အပိုင်း (၆)

3.5K 410 20
                                    

(Unicode)

အပိုင်း (၆)

စားချင်စိတ် ပျက်အောင် လာလုပ်နေတာမို့ ထိုနေရာက ထွက်လာခဲ့သည်။ ဓာတ်လှေကားထဲ ဝင်လိုက်တော့ တံခါးရွက်တွေကြားမှ ဦးက သူ့နောက်ကို လိုက်လာတာ ဖြစ်မည်။

ဘာလိုက်လုပ်ပြန်တာလဲ?..

မြေညီထပ်ရောက်တော့ ခပ်မြန်မြန်ပဲ မိုးရွာထဲ ပြေးထွက်ခဲ့တော့ မိုးချိန်းသံတွေကြား အော်ခေါ်လာသည့် ဦးရဲ့အသံ။

အော်ခေါ်တိုင်း ရပ်စရာလား ဆိုတဲ့ စိတ်နဲ့ ကွန်ဒိုဝင်း အပြင်ကို ထွက်မယ်လုပ်တော့ လက်တစ်ဖက်ကို ဆွဲလာသည်။ ကလေးတစ်ယောက်ကို ဆွဲလိုက်သလိုပါပဲ သူ့လက်မောင်းကို ဆွဲလှည့်လိုက်တာ။

' မိုးရွာနေတယ်လေ ! '

ဦးက ထီးကိုပါ ယူလာသေးတာ။ သို့ပေမဲ့ ထိုထီးက ဂျုံးကုကိုသာ ငဲ့စောင်းပေးထားတာမို့ ဦးရဲ့ ညာဘက်ပုခုံးမှ အင်္ကျီစတွေက စိုရွဲနေပြီ။

' အဲ့တော့ဘာဖြစ်လဲ ! '

မျက်လုံးဝိုင်းတွေမှာ အရွဲ့တိုက်ဖို့ စိတ်အပြင် ဘာခံစားချက်မှ မရှိ။ ထယ်ဟျောင်းရဲ့ လက်ကို ပုတ်ချတော့ ခပ်လျော့လျော့ ကိုင်ထားသည့် လက်ထဲက ထီးက ကျောက်စလစ်မြေပေါ် ဗုန်းခနဲ။

ကျောပေးပြီး ထွက်လာခဲ့တော့ လက်နှစ်ဖက်ကို သိုင်းပြီး အနောက်မှ ဖက်ထားသည်။

' ကိုယ်မှားတယ် ဟုတ်ပြီလား။ '

ဒါက ဘာသဘောလဲ..

ချော့မော့နေသလို ဦးရဲ့ လေသံက တစ်မျိုးလေး။

ဘယ်အချိန်က ဦးဆွဲခေါ်တဲ့နောက်ကို ပြန်လိုက်လာမိမှန်း မသိတော့။

' ခေါင်းကိုခြောက်အောင်သုတ် ! '

ဆိုဖာမှာ ထိုင်ပြီး ခေါင်းအစိုကြီးနဲ့ တီဗွီထိုင်ကြည့်နေသည့် ဂျုံးကုနားကို ရောက်လာသည့် ထယ်ဟျောင်း။ ခေါင်းပေါ်ကျလာသည့် ပုဝါ တစ်ခုနဲ့အတူ ဦးရဲ့ လက်ချောင်းသွယ်သွယ်တွေ။

ဦးရဲ့စကားကို မျက်နှာမဲ့ပြီး ငြိမ်နေတော့ ဆံပင်တွေကို ထိုးဖွလာသည်။

' မကြိုက်ဘူး မလုပ်နဲ့ ! '

တမင် လိုက်စနေတဲ့ ပုံကြောင့် အော်ပြောတော့ ပိုစလာသည်။

UNTIL {Completed}Where stories live. Discover now