အပိုင်း (၁၆)

2.6K 290 37
                                    

Unicode

အပိုင်း (၁၆)

' ဦး။ ဦး ထတော့။ ဦးလို့ ! '

' ဟားး ကိုယ့်နားကွဲတော့မယ် '

မျက်စိမှိတ်ရင်း ရယ်ပြောလာသည့် ဦးကို မြင်မှ သူသက်ပြင်းချနိုင်တော့သည်။ မလှုပ်မယှက် အိပ်နေတာ မလား။

' နိုးနေတာများ ထပါလား။ ခင်ဗျားကလေ.. '

' မင်းနှိုးမှ နိုးတာပါဆို။ '

ကုတင်ခေါင်းရင်းမှာ မှီနေသည့် နဖူးလေးကို လက်ဝါးဖြင့် အုပ်ကိုင်ပြီး အပူချိန် စမ်းကြည့်တော့ ညကလောက် မဆိုးတော့ဘဲ ခပ်အေးအေးလေး ဖြစ်လာပြီ။

စိတ်သက်သာရာ ရသွားပြီး ဦးရဲ့ ပါးလေးကို ဖိနမ်းလိုက်သည်။

ကျနော့်ဦးနေကောင်းလာတော့မှာ။

' ကိုယ်သေမှာကို အဲ့လောက်ကြောက်လား '

' လုံးဝကြီး ကောင်းသေးတာ မဟုတ်တာကို သေစကားမပြောနဲ့ ခင်ဗျား။ '

' ပြောလေ ကြောက်လားလို့.. '

သိချင်ရင်လည်း ဇွတ်ပဲ ဒီလူက။

' အဲ့လိုမေးစရာ လိုသေးလား။ ခင်ဗျား ဖျားနာတာကိုတောင် မဖြစ်စေချင်တဲ့ လူပါ။ '

ကောင်လေးက သူ့မျက်လုံးကို မကြည့်ဘဲ စောင်ကို ခေါက်ရင်း ဖြေလာတာ။ ဂျုံးကုက အမြဲ လိုက်ဂရုစိုက်ပေးတတ်တဲ့ ချစ်သူ တစ်ယောက်ပဲ။

ကိုယ်ဘယ်လိုလုပ်ရင် ကောင်းမလဲ ကောင်လေး။

မင်းက ဒီတိုင်း လူကောင်းလေးမို့ သဘောကျမိရုံပါပဲ။

' မစားဘူးလား။ ကျနော့်လက်မောင်းတွေ ညောင်းလာပြီ။ '

နှုတ်ခမ်းနား တေ့ပေးလာသည့် ဆန်ပြုတ်ဇွန်းကို တွေဝေနေတဲ့ လူက ဒီနေ့လည်း သူ့ကို ရစ်အုန်းမည် ထင်ပါ့။

' ကျောင်းမသွားဘူးလား '

ခပ်တိုးတိုး အသံ‌ဩဩမှာ တိမ်ဝင်နေသည်။ နေကောင်းပျောက်ခါနီးမို့ ချောင်းစဆိုးတော့မှာလား။

' ခင်ဗျားမှ မသက်သာသေးတာ။ '

ခေါင်းညိတ်ပြီး ဆန်ပြုတ်ကို သေချာသောက်သည်။ ဆေးလည်း သောက်ပြီး ကုတင်ပေါ်မှာသာ ကွေးကွေးလေး လှဲနေတာမို့ ဂျုံးကု စိတ်ထဲ တစ်မျိုး ဖြစ်လာရသည်။ တစ်နေကုန် ဦးက ငြိမ်နေသည်လေ။ လက်ထဲက ဖုန်းကို ချလိုက်ရင်း ကုတင်ပေါ် တက်သွားလိုက်သည်။

UNTIL {Completed}Where stories live. Discover now