အပိုင်း (၂၉)

2.4K 306 55
                                    

(Unicode)

အပိုင်း (၂၉)

အေးစက်စက် တံခါးလက်ကိုင် တွန်းရင်း ဒီအမှတ်တရကို ပြင်ဖို့ ရွယ်သည်။

' မှန်လဲချင်လို့ပါ '

ကောင်တာက ဝန်ထမ်း‌ကောင်လေးဟာ သူ့မျက်မှန်ကိုင်းကို ကြည့်ရင်း တစ်ခုခု ပြောဖို့ လုပ်သည်။ သေချာပေါက် ကိုင်းလဲခိုင်းမှာကို ထယ်ဟျောင်း သိသည်။

' ဒီတိုင်းမှန်ပဲ လဲပေးပါ။
ကိုင်းကို လုံးဝ မလဲချင်ဘူး။ '

' ဟုတ်ကဲ့။ ဒါဆို ခဏစောင့်ပေးပါဗျာ။ '

ထယ်ဟျောင်း မျက်မှန်ဘူးလေးကို လက်နှစ်ဖက်နဲ့ အသာအယာ ကိုင်ထားမိသည်။ ဒုတိယတွေ့ဆုံမှုမှာ တင်သွားသည့် အကြွေးမျက်မှန်ကို သူဟာ နှစ်နှစ်ကျော်ကြာထိ မှတ်မိနေဆဲ ဖြစ်သည်။ ထွက်မသွားခင် လက်စွပ် တစ်ကွင်းကိုလည်း ထားခဲ့ပြီး.. ရုံးခန်းရဲ့စားပွဲပေါ်အထိ မျက်မှန်တစ်လက်ကို ထားသွားခဲ့ပေးသည်။

အဓိပ္ပာယ်က ကိုယ့်အပေါ် ဘာအကြွေးမှ မတင်ချင်တော့တဲ့ သဘော။ သုံးနှစ်ကျော်ကြာ အသုံးပြုခဲ့တဲ့ ရွှေရောင် မျက်မှန်လေးရဲ့ ပျက်စီးခြင်းက ပထမ အကြိမ်ဖြစ်သည်။

အချိန်တစ်ခုကြာ စောင့်ဆိုင်းပြီး နဂိုတိုင်းလေး ပြန်ရသည့် သူ့ဆီက လျော်ကြေး မျက်မှန်။

တပ်ကြည့်တော့ တခြား မျက်မှန်တွေထပ် ကြည်လင်ကာ အဆင်ပြေရသလို ခံစားချက်။ ဒါတွေဟာ သူ့ဆီက နောက်ဆုံးဆိုသော အဓိပ္ပာယ် အပြည့်ဖြည့်ထားတဲ့ ရုပ်ဝတ္တုပစ္စည်းတွေမို့။

မနက်ပိုင်းမှာ အတန်းချိန် ရှိတယ်လို့ ပြောပြီး ထွက်ခဲ့တော့ ဂျုံးကုက မနက်စာ အဖြစ် ဘူးတစ်ဘူးကို ထည့်ပေးလိုက်သေးသည်။

အိမ်ပြန် အဝတ်လဲပြီး မစားဘူး ရွယ်ထားသည့် မနက်စာဘူးကို ဖွင့်ကြည့်လိုက်တော့ ပေါင်မုန့်နှစ်ချပ်ကို အလယ်က ပိုင်းလှီးထားပြီး ဘေးမှာ စတော်ဘယ်ရီတွေကို ချောကလက်နှစ် ထူထူဆမ်းထားပေးသည်။ အသင့်ပါသည့် သစ်သား ခက်ရင်းနဲ့ ထိုးယူရင်း မြည်းကြည့်သည်။

' ခါးလိုက်တာ။ '

ကြည့်ရတာ Black Chocolate တွေ ဖြစ်မယ်လို့ ထယ်ဟျောင်း တွေးလိုက်သည်။ ခါးလည်း စားတယ် ဆိုတဲ့ သူ့စကားကို ခဏအတွင်း မှတ်လိုက်တာတော့ မဟုတ်ဘူးမလား ဂျွန်ဂျုံးကုက အဲ့လောက် စိတ်နဲ့ကိုယ် ကပ်ပြီး ရည်ရွယ်ထည့်ပေးလိုက်တာတော့ မဟုတ်ဘူးမလား။

UNTIL {Completed}Where stories live. Discover now