အပိုင်း (၂၈)

2.5K 304 42
                                    

(Unicode)

အပိုင်း (၂၈)

' Mr. '

ကျောင်းသားပေါင်း ရာချီ ရှိသည့် ဟောခန်းထဲ ထိုကျောင်းသားလေး၏ အသံဟာ ဟိန်းထွန်လာသည် သို့သော် ထယ်ဟျောင်းမှာ မကြား။

Projector ပေါ်က ပုံရိပ်တွေဟာ ရပ်တန့်လျက် Professor ကလည်း စိတ်နဲ့ ကိုယ် မကပ်သလို။

' Mr.Kim '

' အင်း။ Sorry ကိုယ်တွေးစရာပေါ်လာလို့ ဆက်ရှင်းတာပေါ့။ '

အတန်းချိန်ပြီးတော့ နှာဖျားက ထွက်လာသည့် အသက်ပြင်းပြင်း။ ဖိုင်တွေကို ကောက်ယူရင်း နားခန်းကို ဦးတည်လိုက်သည်။ မှောင်မဲနေသည့် အခန်းထဲ စားပွဲပေါ် မှောက်အိပ်လိုက်ကာ..

' အိပ်ပျော်သွားရင် ကောင်းမယ် '

" ပြန်တွေ့လို့ ပြန်ရတာက အခုလို ဒဏ်ရာတွေပဲ Mr.Kim "

ပဲ့တင်သံတွေလို နားထဲ တလှိုက်လှိုက်။

ပြေးတွေ့ဖို့ ဆုံးဖြတ်ပြီး ကားသော့ကို ရှာမိတော့ ထပ်ပြီး အထား မှားပြန်သည်။

အလျင်စလို တက်စီကို လက်တားခေါ်တော့ အချိန်ကိုက် မိုးဖွားလေးတွေက ရွာသွန်း‌လာရော။

ညနေစောင်းမို့ သူလည်း ဒီအချိန်ဆို အိမ်ပြန်လောက်ရောပေါ့။

သစ်သားအိမ်လေးရှေ့ ရပ်လိုက်သည့် ခြေထောက်တွေဟာ ခြံထဲကို ခြေဖျားလေး ထောက်ကာ တကြည့်ကြည့်။

လူခေါ်ဘဲလ်ကို တီးလိုက်တော့ ထွက်မလာသည့် လူနဲ့ ခြံတံခါးဝက သော့ခလောက်ကြောင့် ပြန်မရောက်သေးမှန်း သိလိုက်ရသည်။

ဖုန်းနံပါတ်ကလည်း လဲထားခြင်း မရှိတာမို့ ဒီမှာ စောင့်ရုံ အပြင် မရှိ။

မိုးရေထဲ ထိုင်စောင့်နေတာက ရူးကြောင်ကြောင် နိုင်ပေမဲ့ ထယ်ဟျောင်း စိတ်ထဲတော့ ပုံမှန်လို့သာ တွေးသည်။

ဂျုံးကုလည်း သူ့ကို မိုးရေထဲ စောင့်ခဲ့ဖူးသည် လို့ မှတ်မိနေသည်။ အဲ့တုန်းက အဲ့ရုပ်ရှင်ရုံဆီ သူရောက်မသွားခဲ့မိဘူး။

မိနစ် နှစ်ဆယ်။ တစ်ကိုယ်လုံး ချမ်းစိမ့်နေပြီ ဖြစ်သည်။ ကျင်‌လာသည့် လက်‌ဖျားတွေကို အာငွေ့ပေးရင် ဟိုဘက် ဒီဘက် လမ်းလျှောက်နေမိတာ။

UNTIL {Completed}Where stories live. Discover now