အပိုင်း (၄၃)

2.4K 267 19
                                    

(Unicode)

အပိုင်း (၄၃)

' အပြာရောင် နှင်းဆီ သုံးပွင့်ပါ။ စက္ကူနဲ့ ပတ်ပေး။ '

လော်ရာကို မသွားခင် ကုန်တိုက်ကို ဝင်တဲ့ ထယ်ဟျောင်းက အသင့်စား ညစာဘူးတွေကို လုံလုံလောက်လောက် ရွေးဝယ်လို့ အခုတော့ ပန်းဆိုင်မယ်။

' နောက်ဘာလိုသေးလဲဗျ '

' ဒီသစ်ခွ တစ်ပွင့်။ '

ဘာရယ် မဟုတ် မျက်လုံး ရှေ့ရောက်နေရာ လက်ညိုးထိုး ဝယ်လိုက်တာ ဖြစ်သည်။

အမြဲ စုံတွဲလေးတွေ ဇနီးမောင်နှံတွေပဲ ငှားပြီး အချိန်ဖြုန်း တတ်တဲ့ ရှာဖွေရာ လော်ရာလေးက ဒီနေ့မှာတော့ ထယ်ဟျောင်း အတွက်။

' ရောက်လာပြီလား သူဌေး။ '

' အင်း ကောင်လေး။ မင်းအလုပ်ဆင်းလို့ရပြီ။ '

လော်ရာ‌ဆီကို ဂျုံးကုကို ရှာမတွေ့ခင်ထိတော့ ချောင်းပေါက်မတတ် လာတတ်သော် ဂျုံးကုနဲ့ ပြန်တွေ့ပြီး နောက်မှာတော့ သိပ်မလာဖြစ်တော့။

ဝန်ထမ်း ကောင်လေးကိုလည်း ခန့်သာ ခန့်ထားသည် နာမည်တောင် မမှတ်မိလေရာ။ ဖောင်ကို စစ်တုန်းကတော့ တက္ကသိုလ် ကျောင်းသားလေးမို့ အချိန်ပိုင်း ငှားထားမိတာ ဖြစ်သည်။

ထိုကောင်လေးကိုလည်း မနက်ထဲက ကြိုပြောထားတာမို့ ထယ်ဟျောင်း အတွင်းဘက် အခန်းထဲ ဝင်သွားလိုက်သည်။ ပစ္စည်းတွေ ထုတ်ပြီး ထိုင်နေကြ နေရာလေးမှာ စောင်ကို အသစ်လဲလိုက်ကာ နောက်မှီ ခေါင်းအုံလေးကိုပါ ထုတ်လိုက်သည်။

ဂျုံးကုက အသစ်မဟုတ်ရင် သုံးမှ မသုံးတတ်ဘဲ။

ဝယ်လာတဲ့ ပန်းစည်းကို စားပွဲမှာ ချထားကာ အတန်းချိန် တစ်ချိန်ကို အရင်သင်လိုက်သည်။

ခေါ်ထားတာက ညနေမှမို့ အချိန်က ပိုလွန်းနေသည်။

ဖန်သား ထူကာ ကိုင်းကျယ်နေတဲ့ မျက်မှန်ကို စွဲစွဲမြဲမြဲ တပ်လိုက်သည်။ လက်ချောင်းတွေက ကွန်ပျူတာ လက်ကွက် တစ်ခုဆီပေါ် ရောက်ရှိရင်း အတန်းကို စတင်လိုက်သည်။

ပရော်ဖက်ဆာ ကင်က အချိန်တိကျမှ ကြိုက်သည်။ သူကိုယ်တိုင်ကလည်း စာသင်ချိန်နဲ့ ပတ်သက်ရင် တစ်နေ့တာ အချိန်ဇယားက ကွက်တိ။ တစ်မိနစ် မကြာသေး အတန်းရှိ ကျောင်းသား အားလုံး ဝင်ရောက်လာပြီ ဖြစ်သည်။

UNTIL {Completed}Where stories live. Discover now