အပိုင်း (၁၃)

2.8K 321 2
                                    

(Unicode)

အပိုင်း (၁၃)

ထွက်လာချင်းမှာပဲ ထိုလူလည်ပင်းပေါ်က သူ့လက်တွေကို ဖြေချပြီး ထိုလူကို အားနာစကားဆိုနေတာ။

မဆိုလည်း ရတယ်လေ သူက ခင်ဗျားကောင်လေးကို မထီမဲ့မြင် လုပ်နေတာလို့ ! ခင်ဗျားကိုလည်း အထင်သေးသလို လုပ်နေတာလို့ဆို ကင်ထယ်ဟျောင်း ! တကယ် အဲ့လို ပုံပေါက်နေတာလို့ !

သူ့ကို မကြည့်ဘဲ ဘေးကပ်ရပ် အနေနဲ့ ဦးရဲ့ အင်္ကျီတွေက သူနဲ့ တွေ့ခဲ့တုန်းက ဝတ်စုံပဲ။ တွန့်ကြေနေသည့် အင်္ကျီတွေက အိပ်ထားမှန်း အသိသာကြီး ဆံပင်တွေကလည်း ရူပ်ပွနေသည်။ သူစိမ်းနဲ့ နှစ်ယောက်ထဲ ရှိနေတဲ့ နေရာမှ ကောင်းကောင်း အိပ်ပျော်နိုင်တယ်ပေါ့.. ဟက်

ခြေထောက်နားက အချိုရည် သံဗူးကို အားနဲ့ ဆောင့်ကန်လိုက်တော့ လန့်သွားသည့် ဦးရဲ့ ပုခုံးလေးက တွန့်ခနဲ။

ပြောစရာ စကားမရှိတော့ဘူး။

တောက်တစ်ချက် ခေါက်ပြီး ထိုနေရာက ထွက်လာခဲ့တော့ အနောက်က ပြေးလိုက်လာသည့် ခြေသံကို ကြားနေရသည်။ ဘာတွေ ဆူအုန်းမှာလဲ..

' ဂျုံးကု။ ခဏရပ်အုန်း။ '

မရပ်ဘဲ ခပ်မြန်မြန်ပဲ ဆက်လျှောက်လာတော့ ရှေ့ကို ပိတ်ရပ်လာပြီး လက်နှစ်ဖက်ကို ကိုင်ထားသည်။ မောနေတာမို့ စကားမပြောနိုင်သေးဘဲ သူ့ကိုသာ ကြည့်နေသည့် ဦး။

' ဘာလဲ '

လက်တွေကို ပုတ်ချပြီး ပြောတော့ ပါးနှစ်ဖက်ကို အုပ်ကိုင်လာသည်။

' ကိုယ့်ဆီလာတာလား.. ဟမ် '

' အင်း။ ဒါပေမဲ့ ခင်ဗျားက အိပ်တောင်ပျော်တယ်ဆိုတော့ ကျနော်လည်း ခေါ်စရာ အကြောင်း မရှိတော့ဘူး။ '

' အာ.. စိတ်ဆိုးပြန်တာပေါ့.. '

ဒေါသက နယ်ထိပ်ရောက်နေပြီ ဒါကို ကင်ထယ်ဟျောင်းကတော့ ပြုံးရယ်နေသည်။ အခုက ရယ်ရမယ့် အချိန်လား..

' ကိုယ်လာခေါ်သားပဲ မင်းမှ ပြန်မလိုက်တာ... '

လည်ပင်းကို ဖက်လာသည့် လက်တွေက ဂျုံးကုရဲ့ Mullet Hair တွေကို ဆော့ကစားနေသည်။

UNTIL {Completed}Where stories live. Discover now