အပိုင်း (၃၈)

2.2K 293 28
                                    

(Unicode)

အပိုင်း (၃၈)

" ကြိုဆိုပါတယ် "

ပါးချိုင့်နက်နက်နဲ့ ခပ်ချောချော လူက ဆေးနံ့မပြယ်သေးတဲ့ စတူရီယိုထဲ ရောက်လာသူတိုင်းကို ကြိုဆိုသည်။ လည်ပင်းက အေပရွှန်ကြီးကိုလည်း အလကား ဝတ်ထားတာ။

' အစ်ကိုက ပိုင်ရှင်လားဟင် '

အမေးကို သဘောတွေ့တော့ နမ်ဟာ ပြုံး၏။

' ပိုင်ရှင်က ဟိုက တစ်‌ယောက်၊ အစ်ကိုက သူ့ရဲ့ '

' လူကြီးမင်းနမ်။
ဒီကို တစ်ဆိတ်လောက် လာပါ။ '

ရမ်က ဆေးသုတ်လက်စနဲ့ ထွက်လာသည်။

' ခွင့်ပြုပါအုန်း '

နမ် ဧည့်သည်တွေ နားရှိနေတာက ရမ့်အတွက် အားနာစရာ ဖြစ်ရသည်။ တစ်ယောက်ထဲ သမားမို့ အလုပ်ဂျပိုး လုပ်နေရာက အခုလို ချက်ချင်းကြီး အချစ်ခံလာရတော့ အချိန်က မလောက် ဖြစ်လာသည်။

နမ်က တွေ့ချင်သည်။ သို့သော် ရမ့်မှာ အားသည် မရှိမို့ အလုပ်များသူချင်းတူတူ နမ်က သူ့ဆီ အမြဲ ရောက်လာတတ်သည်။

' ဘာတွေပြောနေကြလဲ ? '

' ပိုင်ရှင်ကို မေးလို့ မင်းကို ညွှန်နေတာပါ။ '

ဆံပင်ပေါ် ပေနေတဲ့ ဆေးစက်တွေကို ဘေးက wet tissue နဲ့ သုတ်ပေးသည်။

လက်ထဲမှာလည်း ရမ်က စုပ်တံကို ကိုင်လျက်သား။

' အော။ '

စုပ်တံကို ယူပြီး လက်ချောင်းတွေကို ယှက်ကိုင်လာတဲ့ နမ်က ရုန်းတော့ မလွှတ်တဲ့ အပြင် လက်ကိုပါ ငုံ့နမ်းသည်။

' ညီတို့ ပြန်လာတော့မယ်တဲ့။ ကိုယ့်မှာ မင်းကို မိတ်ဆက်ပေးမလို့။ ဒါပြောဖို့ လာခဲ့တာ။ '

' တို့ကို ဘာလို့ မိတ်ဆက်ပေးမှာလဲ.. ထယ်ဟျောင်းနဲ့က.. နည်းနည်း '

ရှောင်သွားတဲ့ ပါးနှစ်ဖက်ကို အုပ်ကိုင်တော့ နားရွက်ဖျားတွေက ရဲခနဲ။

' သူက အချစ်နဲ့တွေ့သွားပြီ။ နောက်ပြီး ကိုယ်က သူ့စကားကို နားမထောင်ပါဘူး။ '

' စဉ်းစားမယ် '

' နိုး။ မလိုက်ရင် ပွေ့ခေါ်မှာ။ '

UNTIL {Completed}Where stories live. Discover now