အပိုင်း (၁၀)

3.5K 403 20
                                    

(Unicode)

အပိုင်း (၁၀)

' အများကြီး မစားနဲ့ ဂျီဂျီ ဗိုက်နာလိမ့်မယ်။ '

လမ်းဘေးဆိုင်က တော့ပိုကီ ပွဲကြီးကို တစ်ယောက်ထဲ စားနေသည့် ဂျီမင်းကြောင့် ဂျုံးကုမှာ နောက်တစ်ပွဲ ထပ်မမှာဘဲ ဂျီမင်းဆီကပဲ နှိုက်စားရတော့သည်။

စားရင်လည်း တရားလွန် ပြီးရင် စာမေးပွဲက နီးနေပြီကို။ ဗိုက်နာရင် အကုန်ပြဿနာတတ်မှာ။

လက်ထဲကို ငါးအူချောင်း ပြောင်းထည့်ပေးတော့ ပလုတ်ပလောင်း စားပြန်သည်။

' တစ်နေကုန် စာကျက်ထားရလို့လေ
ဗိုက်ဆာလွန်းလို့ သေပြီတောင် ထင်တာ။ '

မျက်လုံးအိမ်ကို ပြူးပြီး ပြောသည်။ တကယ်လည်း ကြိုးစားတာကိုး။

' ရေခဲမုန့်ရောစားမလား.. ငါသွားဝယ်ပေးမယ်.. '

ဂျုံးကုက စကားစတော့ ဂျီမင်းက မျက်လုံးလက်လက်တွေနဲ့ ခေါင်းညိတ်သည်။ ဆိုင်က ခပ်လှမ်းလှမ်း ပေမဲ့ သူဂျီမင်းကို ဆိုင်မှာပဲ ထားခဲ့ပြီး Ice Cream Shop လေးထဲ ဝင်လိုက်သည်။

အမှာကို စောင့်နေရင်းပင် စားပွဲပေါ်က တစ်ရူးရွက်ထဲ ‌ဘောပင်နဲ့ လျှောက်ခြစ်နေသည့် ဂျုံးကု။

လူကျနေသည်မို့ သူစောင့်နေတာ မိနစ်ပိုင်းလောက် ရှိမည် အခုထိ မရသေး။ တံခါးဝက ဆည်းလည်းသံကြောင့် မျက်လုံးဝေ့ကြည့်တော့ ဦး။

တိုက်ဆိုင်မှုတွေများလည်း အဲ့တိုက်ဆိုင်မှုတွေက ကျနော့်အတွက်တော့ ဆိုးကျိုးပဲ။

ဦးက တစ်ယောက်ထဲမှ မဟုတ်ဘဲ ဘေးမှာ မျက်လုံးစိမ်း ကောင်မလေး တစ်ယောက်နဲ့ ဖြစ်သည်။ ဒီတစ်ခါလည်း အနောက်တိုင်း သူပဲ။

ကောင်မလေးက ခပ်ငယ်ငယ်လေးပင်။ ဦးရဲ့လက်မောင်းကိုလည်း ခိုတွဲထားတယ်။ ပြုံးနေတော့ သွားစွယ်ချွန်ချွန်လေးတွေကိုလည်း မြင်နေရတယ်။

အကြိုက်က တော်ရုံတော့ မဟုတ်ဘူးပဲ။

စကားတွေပြောပြီး ကောင်မလေးရဲ့ ခေါင်းကိုလည်း ပုတ်ပေးနေသေးတာ။ ဝိုင်း တစ်ဝိုင်းမှာ နေရာယူပြီး သူ့ကို ကျောပေးထားသည့် ဦးကတော့ ဂျုံးကုကို မြင်ပုံ မရ။

UNTIL {Completed}Where stories live. Discover now