အပိုင်း (၃၅)

2.5K 280 19
                                    

(Unicode)

အပိုင်း (၃၅)

တံခါးကို အမြန်ဖွင့်ပြီး အခန်းထဲ ခပ်သုတ်သုတ် ဝင်သည့် ထယ်ဟျောင်းက ဧည့်ခန်းမှာ ထိုင်နေတဲ့ နမ့်ကို လုံးဝ မမြင်။ ဒါကို နမ်က စာကြည့်မျက်နှာကို ချွတ်ရင်း ရောက်နေတဲ့ စာမျက်နှာကို ခေါက်ချိုးလိုက်သည်။

' ပြန်လာ‌တာလား? '

' Jeez!! လန့်လိုက်တာ ကင်နမ် !! '

ဟထားသည့် တံခါးကို ဖွင့်ပြီးမေးတော့ ထယ်ဟျောင်းက ရင်တဖိဖိနဲ့ ပြောသည်။

သူ့မှာ တလာလောနဲ့ ထိုင်နေတဲ့ လူကိုတောင် ကျော်သွားတာတဲ့။ ညီလေးဟာ စိတ်နဲ့ ကိုယ်လည်း ကပ်နိုင်လွန်း ပါတယ်။

' ကင်ထယ်က ကိုယ်ဟိုမှာ ထိုင်နေတာတောင် မမြင်ရအောင် ဘာတွေ အရေးကြီးနေမှန်းမှမသိတာ။ '

' ဘယ်တုန်းက ပြန်ရောက်တာလဲ ကိုယ့်ကို ပြောမှပေါ့။ '

နမ်က ထယ်ဟျောင်း အခန်းထဲက ထိုင်ခုံ တစ်ခုမှ ဝင်ထိုင်ရင်း ခေါင်းကိုခါ၊ လက်ကိုပြကာဖြင့် တားသည်။

' ဘာလင်နဲ့ဒီကို တစ်လတစ်ခါလောက် ပြေးနေရတာ ပြန်ရောက်တိုင်း မင်းကို ပြောနေရအုန်းမှာလား? '

' ဘယ်သူလာကြိုလဲ? '

' ကိုယ့်ခြေနဲ့ကိုယ်ပြန်ရောက်တာလေ ဘယ်သူက လာကြိုမှာလဲ? '

ထယ်ဟျောင်း လူပျိုကြီးကို ခေါင်းခါလိုက်သည်။ အသက်က လေးဆယ်နား နီးနေပြီ အခုထိ ရည်းစား မထားသေး။ ဒယ်ဒီ ချိတ်ပေးလည်း အကြောက်အကန် ငြင်းနေတဲ့ နမ်က တစ်စုံတစ်ယောက်ကိုတော့ အတည် ချိန်ပုံပဲ။

' အဲ့အဝတ်တွေကဘာလဲ '

' ကိုယ်နှစ်ရက်လောက် ဂျုံးကု အိမ်မှာ ရှိနေမယ်။ '

' ကိုယ်က ကိုယ့်ညီအခိုးခံ လိုက်ရပြီထင်တာ။ လတ်စသတ်တော့ လိုက်သွားတာကိုး။ '

' ကင်နမ်က စကားများနေပါလား? အချိန်ပေါနေတယ်? '

ဟုတ်သည်။ ကင်နမ်ဂျွန်းဆိုတာ အခုလို သူ့အခန်းထဲထိ လာပြီး စကားလာပြောနေမယ့် လူမဟုတ်ဘူး။ သူ့အချိန်နဲ့ သူကို မလောက်တဲ့ လူကလေ။

UNTIL {Completed}Where stories live. Discover now