အပိုင်း (၂၅)

2.6K 307 67
                                    

(Unicode)

Good Morning Everyone ☕

ဒီမှာ ယောင်း ပြောချင်တာလေး ရှိပါသေး။ ပထမ တစ်ခုက ဒီ Fic ဟာ သုံးပွင့်ဆိုင် မဟုတ်ပါဘူး။ သုံးပွင့်ဆိုင်သာဆို တေးရမ်က ဂျုံးကုကို လိုက်လုပြီး ဦးနဲ့ ပြဿနာ တက်ရမှာပါ။ အခုက တေးရမ်က ဂျုံးကုကို ကပ်မနေပါဘူး။ ဦးကို ဒုတိယ ထားထားခြင်း မဟုတ်ပါ။

နောက်တစ်ခုက ပထမဆုံးနဲ့ နောက်ဆုံး ပြောတာဖြစ်ပါတယ်။ ဒီ fic ကိုမှ မဟုတ် Lilac Young ရေးသော ဘယ် Fic ကိုမဆို စိတ်ပင်ပန်းလို့ မဖတ်တော့ဘူး Drop လိုက်မယ်ဆို ရ။ ဒါက ယောရောဘွန်းတို့ရဲ့ ဆုံးဖြတ်ချက်ပဲ။ စိတ်လည်း မဆိုးမိဘူး။

ဒါပေမဲ့ မန့်အထိတော့ လိုက်ပြီး အသိမပေးပါနဲ့။ အသိပေးတာက ဒီဘက်အတွက် အဆင်မပြေပါဘူး။ ဒီဘက်ကိုလည်း နည်းနည်း တွေးပေးပါ။

ဒါလေးပါပဲ ဆိုတော့

ဦးက ဂျုံးကုကို ယုံသလို။ ယောရောဘွန်းတို့ကလည်း ဒီကို ယုံပေးရပါမယ် 🥺

ဒါဆို ဆက်ဖတ်ကြရအောင်~

အပိုင်း (၂၅)

' နေအုန်း။ ဒါက မဟုတ်သေးဘူး။ ဘယ်လိုလုပ် ရုတ်တရက် ကျောင်းပြောင်းရမှာလဲ? '

ရမ်က တအံတဩနဲ့ PD ကို တရပ်စက် အမေးတွေ ဆင့်သည်။ PD ဟာလည်း ခေါင်းတကုတ်ကုတ်။

' အဲ့ဒါက ဒီလိုရှိတယ် Mr.Ren ကျနော်တို့ အစကတော့ MumJ မှာ ရိုက်ကူးဖို့ လုပ်ပေမဲ့ Sculptor အပြောင်းအလဲလေး ဖြစ်သွားပြီး တကယ်လည်း စာတွေ့ လက်တွေ့ သင်ကြားပေးနေတဲ့ Professor ဆိုမှ ပိုအဆင်ပြေတာမို့ ဂိုလျောက Kim နဲ့ပဲ လက်တွဲဖြစ်လိုက်တာ။ သူကလည်း သူ့ကျောင်းက လွဲရင် တခြားနေရာမှာ ရိုက်ကူးရေး မလုပ်ချင်လို့ပါတဲ့ '

' Professor Kim က ဘယ်ရိုက်ကူးရေးမှ မလုပ်ဘူးလေ။ ဘယ်လိုလုပ် မှတ်တမ်းကို ရိုက်နိုင်မှာလဲ '

' ရုတ်တရက် ဆက်သွယ်လာတာကိုပဲ ကျေးဇူးတင်ရတာပေါ့။ Mr.Ren သူနဲ့သာဆို ကြည့်ရှုသူ တိုးမှာ သေချာတယ်။ '

ရမ် အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ ဘေးမှာ ငြိမ်နေသည့် ဂျွန့်ကို ကြည့်တော့ သူက တစ်ခုခုကို စဉ်းစားနေပြီး ကားသော့ကို တဆော့ဆော့။

UNTIL {Completed}Where stories live. Discover now