အပိုင်း (၃၇)

2.5K 288 23
                                    

(Unicode)

အပိုင်း (၃၇)

စက်ဘီးက မစီးတာ ကြာပြီမို့ စီးလို့ အဆင်ပြေမှာ မဟုတ်ဘူး ဆိုတာကို မရ။ လေကောင်းလေသန့် ထွက်ရှူရအောင် ဆိုပြီး ဂျုံးကုက အတင်းခေါ်နေတာ ဖြစ်သည်။

သစ်ပင်အောက် စက်ဘီးပေါ် မတက်ဘဲ ဝေ့နေတာတဲ့ ထယ်ဟျောင်းက ဟိုကြည့်ဒီကြည့်။ သူမှ မစီးချင်တာကို။

ဂျိုကိုလေးကလည်း နှိုးလာပြီး ဘွားနောက် တကပ်ကပ်မို့ သူတို့ နှစ်ယောက် သိပ်အားနေတာ ဖြစ်သည်။ ဂျုံးကုက ဘူဆန်ရောက်ရင် စက်ဘီး တစ်စီးနဲ့ လျှောက်သွားတတ်တာမို့ ဦးကိုပါ ခေါ်နေခြင်း ဖြစ်သည်။

ငယ်ငယ်က ဘူဆန်မှာ စက်ဘီးလဲပြီးထဲက ခြေကျိုးသွားလို့ သူစက်ဘီး မစီးဖြစ်တော့တာ။ ထူးထူးခြားခြား ဂျုံးကု မွေးနေ့မှာပဲ သူဆေးရုံရောက်ခဲ့တာ။

မှတ်မှတ်ရရ ဖြစ်နေတဲ့ နေ့ရယ် ကြောက်စိတ်လို ဖြစ်နေတဲ့ အရာရယ်ကို ချစ်သူဟာ ပြုံးရင်း နှစ်သိမ့်သည်။

' ဒီခြေတံရှည်တွေတွေ ရှိနေသရွေ့ ဦးပြုတ်ကျမှာ မဟုတ်ဘူး။ ကျနော့်ကို ယုံ။ '

လဲတော့မယ်ဆို ခြေတံတွေနဲ့ ထောက်လို့ရပြီး လဲသွားရင် လူက ဘေးကို ဖယ်လိုက်လို့ ရတယ်။ ဂျုံးကု ပြောတာ မှန်သည်။

' ဟုတ်ပြီ။ ဖြည်းဖြည်းပဲ စီးမှာနော်။ ကိုယ်လမ်းတွေလည်း မသိလို့ ရှေ့က စောင့်ပြီးမှ သွားနော်။ '

' ကျနော်က ဦးကို ထားခဲ့စရာလား။ ဦးသာ ကျနော့်နောက်က လွဲပြီးတခြား ဘယ်မှမသွားနဲ ။ '

အညိုရင့်ရောင် စက်ဘီးဆင်တူလေးက နောက်ခုံလေးလည်း ပါသည်။ ရှေ့မှာပါတဲ့ ခြင်းလေးထဲ ကင်မရာလေးကို ထည့်ပြီး ဂျုံးကုက လက်ကိုင်ကို ကိုင်ထားရင်း ပြုံးသည်။

' ဒါလေးက မေမေ့ဘီးတဲ့။ ဘူဆန်မှာ ဖေဖေနဲ့မေမေ အတူတူ စီးခဲ့တာတဲ့။ အခုတော့ ဦးနဲ့ကျနော်ပေါ့။ '

' အန်ကယ်ကလည်း ရိုတတ်တာပေါ့ ဒါဆို '

' ဒါကြောင့် ဦးလည်း ရိုတာ ခံနိုင်အောင်နေ။ တက်တော့။ '

ထယ်ဟျောင်း စက်ဘီးပေါ် တက်ပြီးတော့ ဂျုံးကုကလည်း ရှေ့က စက်ဘီးပေါ် တက်သွားသည်။ နောက် မထွက်သေးဘဲ တစ်ချက် လှည့်ကြည့်လာသည့် ဂျုံးကုက ဆယ်ကျော်သက်လေးလို ပြုံးရွှင်နေသည်။ ဘူဆန်သားလေးက ဘူဆန်မှာဆို အသက် သိပ်ဝင်တာ။

UNTIL {Completed}Where stories live. Discover now