အပိုင်း (၁၂)

2.9K 356 3
                                    

(Unicode)

အပိုင်း (၁၂)

" ဟင်းး ~ "

တစ်ညလုံး တစ်ဖက်ထဲကို စောင်းအိပ်ထားခြင်းကြောင့် ညောင်းကိုက်နေသည့် ဇက်ကျောကို လက်နဲ့ ဖိရင်း မျက်လုံးကို ဖွင့်လိုက်သည်။

နည်းနည်း လှုပ်မိတော့ ခါးပေါ်က လက်တွေက ပိုပြီး တင်းကြပ်လာရော။ အခုထိ သူက ဂျုံးကု ရင်ခွင်ထဲမှာ။

စိတ်လွတ်ကိုယ်လွတ် မျက်နှာချောချောကို ငေးမောချင်တာက ထယ်ဟျောင်း၏ တိမ်မြုပ်နေသော ဝါသနာ တစ်ခုဖြစ်မည်။

အိပ်နေတဲ့ အချိန်မှာတောင် ဒီကောင်လေးက သိပ်ချောမောလွန်းသည်။ ယောကျာ်းဆန်တဲ့ ဒီပုံစံက‌နေ နိုးလာလို့ မျက်လုံး ဝိုင်းတွေ ပွင့်လာရင် ချစ်ဖို့ကောင်းသွားမည်။

နှစ်ခြိုက်စွာ ရယ်မောချိန်ဆို ကလေးလေး သဖွယ် နှစ်လိုဖွယ်လေး ဖြစ်လာမည်။

မျက်လုံးပေါ်က ဆံပင်တွေကို လက်ညိုးနဲ့ တွန်းဖယ်ပြီးမှ အဝတ်မကပ်သည့် ကိုယ်ကို သတိရသည်။

မျက်နှာကို ခေါင်းအုံးထဲ ထိုးနစ်လိုက်မိသည်အထိ ဖြစ်ပျက်ခဲ့သမျှကို ရှက်နေမိတာ။ သူက လူကြီးဖြစ်ပြီး အလိုလိုက်မိပြန်ပြီ။

မှောက်ယှက် အနေကနေ ထဖို့ လုပ်လိုက်တော့ မျက်မှောင်တောင် ကျုံ့လိုက်ရသည်။ ဆစ်ခနဲ အောင့်တက်လာသည့် ဗိုက်။ ညက အတွင်းကျကျ အထိ ရောက်လာခဲ့တာ ဒီအဆိုးလေးက။

ပုဝါ အပါးတစ်ထည်ကို ပတ်ပြီး ရေချိုးခန်းထဲ ဝင်လိုက်သည်။ ဂျုံးကုက အမြဲ သူ့ထပ် နောက်ကျမှ နိုးတတ်သူ ဖြစ်တာမို့ သူသာ ‌ကိုယ်လက်သန့်စင်ပြီးတယ် ကောင်လေးက မနိုးသေး။

ရင်ဘတ်ပေါ်အထိ လွတ်နေတဲ့ စောင်ကို ပုခုံးအထိ တင်ခြုံပေးရင်း မလှုပ်နိုင်တာမို့ တွေ့တဲ့ အဝတ် ကောက်ဝတ်ထားပြီး ထိုင်နေမိသည်။

ထပ်ပြီး တွေဝေမိပြန်သည်။ ဒီလိုအချိန်တိုင်းပဲ ရေရှည် ဒီလိုဆက်သွားလို့ ဖြစ်ပါ့မလား ဆိုတဲ့ အတွေးမျိုးက အမြဲ ဦးနှောက်ထဲ နေရာယူနေဆဲ။

မင်းက မကောင်းတဲ့ လူကို ရွေးမိတာပဲ ကောင်လေး..

အေးအေးချမ်းချမ်း အိပ်နေတဲ့ မျက်နှာကို မြင်ရတော့လည်း ကြည်နူးရပြန်သည်။

UNTIL {Completed}Where stories live. Discover now