အပိုင်း (၁၉)

2.2K 291 37
                                    

(Unicode)

အပိုင်း (၁၉)

အိမ်မှာ မနေချင်တာမို့ ဘူဆန်မှာ တစ်ခါတည်း အဆောင်နေဖို့ ပြင်လိုက်သည်။ တစ်ကျောင်းနဲ့ တစ်ကျောင်း Transfer ဖို့က ခက်သည်။ ဒါကို ဖေဖေက ရအောင် ပြောင်းစေခဲ့တာမို့ သူကအခုဆို First Semester မှ စတက်ရတော့မည်။

Master တန်းရဲ့ ပထမနှစ်က ပြီးခါနီးမှ အစက ပြန်တက်ရတော့မည်။ မဟုတ်ရင် ပြောင်းမရဘူး ဆိုတာ သူလည်း အသိ။

ခပ်ဟဟ ရယ်မိတော့ နှုတ်ခမ်းထောင့်က ပိုကွဲသွားသည်။ ရင်ဘတ်ထဲ မီးခဲကြီး ထိုးထည့်ထားရသလို ပူလောင်နေရရော။

တခြား မိဘတွေရော ဒီလိုပဲလား။ ဒါမှမဟုတ် သူ့ အဖြစ်ကပဲ ဒီလိုလား...

' ဟင်။ မင်းပါလား ဒီကိုဘာလာလုပ်တာလဲ '

Professor ရမ် ဖြစ်နေသည်။

ခုံတန်းမှာ ထိုင်တွေနေတဲ့ သူ့ကို ရမ်က လှမ်းခေါ်လာတာ ဖြစ်သည်။

ဒီလူကတော့ အမြဲသွက်လက်နေသည်။ အခုလည်း လူငယ်လေးလို သူ့နား ပြေးလာနေသည်။ သေချာကြည့်မိတော့ ရမ့် မိဘတွေကို ချီးကျူးမိသည်။ သားဖြစ်သူရဲ့ ဖြစ်တည်မှုကို သူတို့ လက်ခံထားသည်။

ကျနော်က ရမ့်လို ဖြစ်နေတာလဲ မဟုတ်တာကို လက်မခံနိုင်နေကြတာ။

' မျက်နှာမှာလည်း ဒဏ်ရာတွေ ! ဘယ်လိုဖြစ်တာလဲ ဟယ်ဟယ် ! '

' အိမ်နဲ့ မပြေလာလို့ပါ '

ငြိမ်သွားသည်။ ခြေတစ်ဖက်ကို နောက်တစ်ဖက်ပေါ် ချိတ်တင်ရင်း ပြုံးသည်။

' ဒါဆို ဆေးလိမ်းမပေးတော့ဘူး။ မင်းက အပြစ်လုပ်ခဲ့ပုံပဲ။ '

' Professor ! '

' ခ်ခ် နောက်တာ နောက်တာ '

လူက စိတ်ညစ်နေတာမို့ ဘာမှ ဆက်မပြောတော့ဘဲ ငြိမ်နေလိုက်သည်။ အချိန်ကို ကြည့်တော့ သွားရမယ့် အချိန်ရောက်ပြီ။ အဆောင်က ထွက်ခဲ့တာ မိနစ်သုံးဆယ်လောက် ရှိလောက်ပြီမို့ ပြန်သွားရတော့မည်။

' ဘာလို့လိုက်လာတာလဲ '

' တို့လည်း အဆောင်မှာနေရမှာမို့။ '

ရမ့်စကားကြောင့် ဂျုံးကု မျက်ခုံးတွေ ပင့်တက်သွားရသည်။ ဒီလူက ဘယ်လိုလုပ် အဆောင်။

UNTIL {Completed}Where stories live. Discover now