အပိုင်း (၃၃)

2.5K 295 31
                                    

(Unicode)

အပိုင်း (၃၃)

ညိုနေသည့် မျက်ကွင်းတွေကို အလိုမကျ စိုက်ကြည့်ရင်း မှန်ရှေ့ နှုတ်ခမ်း တကိုက်ကိုက်။ သေချာပေါက် နမ်ကြောင့်ပဲ။ စိတ်ဖိစီးမှုတွေများနေလို့ဆိုပြီး မအိပ်ခင် Clay Mask လေး ကပ်လိုက်ပါတယ် မျက်လုံးထဲ နမ့်ကိုပဲ မြင်ယောင်နေလို့ ညဥ့်နက်မှ အိပ်ပျော်ခဲ့တာ ဖြစ်ပြီး ရလဒ်ကတော့ သိသိသာသာ မျက်ကွင်းတွေ ညိုကျလာတာပါပဲ။

သက်ပြင်းတချချနဲ့ ဖန်ခွက်ကြီးကြီးထဲက ရေအပြည့် တစ်ခွက်ကို သောက်လိုက်သည်။

' ဟင်! '

တစ်ခါမှ မကြားဖူးသည့် မနက်ပိုင်းရဲ့ တံခါးခေါက်သံ။ ဘာမှ မှာထားတာလည်း မရှိသလို တစ်စုံတစ်ယောက် လာဖို့ရာက အရမ်းစောလွန်းနေသည်။

ရေခွက်ကို ချပြီး တံခါးသွားကြည့်တော့

"ဟော်"

မိုးကာသား ကုတ်အင်္ကျီ၊ အဖြူရောင် ဦးထုတ်နဲ့ လူ။

' ဘယ်သူလဲ '

သိရက် မေးတာပေမဲ့ သူက ဖြေသည်။

' နမ်ဂျွန်း ကင်။ ကိုယ့်ကို ဖွင့်ပေးလို့ ရမလား? ရာသီဥတုက အေးတယ်ကွာ '

စကားပြောပုံဟာ တောင်းဆိုသလား အမိန့်ပေးသလား ရောယှက်နေတုန်း။

' ဘာကိစ္စလဲ နမ်။ ကျနော်တို့ ခဏနေမှ တွေ့ရအောင်ပါ။ '

အကြောင်းပြချက် ပြောပြစရာ မလိုဘူးလို့ ရမ် စည်းကို ထင်းထင်း တားလိုက်သည်။

' အပြင်မှာ တစ်ချိန်လုံး စောင့်နေရမှာလား ရမ်။ မုန့်တွေလည်း ယူလာတယ်။ '

နောက်ဆုံးတော့ ရမ် တံခါးကိုသာ ဖွင့်ပေးလိုက်ရတော့သည်။ တကယ်ပါ ခက်တယ်။

' ကျေးဇူး '

လက်ထဲက အိတ်နှစ်ဖက်မှာ ဘာတွေများ ယူလာသလဲ တွေးရသည်။ သူ့ကြည့်ရတာ သားသမီးအိမ်ကို ဟင်းလာပို့တဲ့ မိဘလို။

' အိမ်မှာလဲ အလုံအလောက်ရှိပါတယ် ဘာတွေဝယ်လာတာလဲ '

' မင်းကြိုက်မှာလေးတွေ '

ရိုးရိုး ပြောလည်း ရတာကို သူက ပြုံးပြီး ပြောသည်။ အဲ့တုန်းက အဲ့အပြုံးကို ဘယ်လောက် စွဲလမ်းရလဲ မသိခဲ့ဘဲနဲ့။

UNTIL {Completed}Where stories live. Discover now