အပိုင်း (၃၂)

2.8K 296 38
                                    

(Unicode)

ဒီအပိုင်းကစပြီး ပြောမှ ဖြစ်မှာလေး ရှိလို့ပါ။ တေးရမ် ဆိုတဲ့ character က plot အစထဲက ရှိခဲ့တာ မဟုတ်ပါဘူး။ လမ်းတစ်ဝက် ရောက်မှ ယောင်းက အဲ့နေရာကို gay လှလှပုံစံလေး ထားချင်လာတာပါပဲ။

အစက BTS Member တစ်ယောက်ကို တေးရမ် နေရာထားထားပေမဲ့ အပေါ်က ပြောသလို gay ဆိုတဲ့ ပုံစံ ထားချင်လာတော့ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် တေးရမ် ဆိုပြီး ‌ဇာတ်ကောင် အသစ်ထည့်ခဲ့တာပါ။

နမ်က ရမ့်ကို ချစ်နေတာပါ၊ ရမ်ရဲ့ အချစ်ဦးကလည်း နမ်ပါ။ ဒီမှာ ဖတ်နေတဲ့ လူတွေထဲ နမ်ဂျင် otp ယောရောဘွန်းတို့ ပါခဲ့ရင် အဲ့အတွက် အဆင်မပြေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖတ်တဲ့အခါ သိပ် serious မဖြစ်ပေးဖို့ ကြိုပြောတာပါ။ Namjin Sensitive ဆိုရင်တော့ ယောင်းအနေနဲ့ ကျော်ဖတ်ဖို့ အကြံပေးပါတယ်နော်။

ကဲ ဒါဆို အောက်လေးနည်းနည်း ဆင်းပြီး ဆက်ဖတ်ကြရအောင် ~

အပိုင်း (၃၁)

' အွင့်..နမ်.. '

နံရံနဲ့ ထိကပ်သွားသည့် ကျောပြင်ဟာ အရှိန်ပြင်းသော် သိပ်တော့ နာကျင်မှု မရှိ။ အောက်နှုတ်ခမ်းကို ငုံထွေးထားသည့် နှုတ်ခမ်း တစ်စုံဟာ သိပ်နွေးသည်။ မှေးစင်းနေသည့် မျက်လုံးတွေကို ရမ်အားယူဖွင့်လိုက်သည်။

ပျော်ဝင်စရာ ဒီအနမ်းတွေကို ရမ် သိပ်နှစ်သက်သည်။ ပထမဆုံးလိုပဲ။

လွန်ခဲ့တဲ့ နာရီပိုင်းလောက်က လေဆိပ်မှာ တွေ့ခဲ့တဲ့ လူတစ်ယောက်နဲ့ ရမ်ဒီလို နမ်းမိနေလိမ့်မယ်လို့ မတွေးမိခဲ့ဘူး။ ရှောင်ထွက်ခဲ့ချင်ခဲ့တာ။ ဒီတစ်ခါတော့ မာနကြောင့် ရှောင်ချင်ခဲ့တာ။

' နမ်။ တို့မောတယ်။ '

စကားနားထောင်သူကြောင့် ပါးပေါ် ကျလာသည့် အနမ်းတစ်ပွင့်။ အချစ်ဦးက ဒီလို ပြုမူသည်။ ရမ့်ကို သိပ်သဘောကျနေသူလို။

ရမ့်ရဲ့ ငွေရောင်ဆံပင်တွေကို လက်ချောင်းရှည်တွေနဲ့ သပ်တင်ရင်း ကိုယ်ကို မလွှတ်တမ်း ဖက်ထားသည်။ လေဆိပ်မှာ တွေ့ပြီး လာနှုတ်ဆက်သည့် ပါးချိုင့်နက်နက်နဲ့ အချစ်ဦးဟာ ရမ့်ကို စိမ်းမနေ။ လက်တွေကို ဦးဆုံး အုပ်ကိုင်လာထဲက ရုန်းခဲ့ရင် ဒီလိုထိ ဖြစ်လာမယ် မထင်ဘူး။

UNTIL {Completed}Where stories live. Discover now