အပိုင်း (၃၉)

2.4K 279 42
                                    

(Unicode)

အပိုင်း (၃၉)

' ပြောပါ။ စောင့်နေတာကို ဘယ်အချိန်ထိ ငြိမ်နေမှာလဲ ဦး။ '

သစ်သား စားပွဲပေါ် ထိုင်နေသူက ထယ်ဟျောင်း ဖြစ်ပြီး ဂျုံးကုကတော့ ခုံအမြင့်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်သည်။

ဦးရဲ့ မျက်နှာရိပ်ကို ကြည့်ပြီး ပြောလာတာကို စောင့်နေရတာ သုံးမိနစ်လောက်တော့ ကြာပြီ။ ဘာများလဲဆိုပြီး တွေးနေရတာလည်း မျိုးစုံ။

' မထားသွားဘူးမို့လား.. ဟင်.. '

ဂျုံးကုက ကြိုက်ပါ့မလား။ ချို့ယွင်းချက် ဖြစ်ပြီး ကိုယ့်ကို မလိုချင်တော့ရင်ရော..

' ဘယ်လိုတွေ မေးနေတာလဲ? ပြောပါဆို '

အာရုံတစိုက် ရှိနေသူကို မကြည့်ဘဲ မျက်နှာကို လွှဲပစ်လိုက်သည်။

' ဒယ်ဒီ့မှာ ကင်ဆာတွေ့တယ်။ သွေးကင်ဆာ။ အစားထိုး ခွဲစိတ်လို့ ရသေးတာမို့ ‌ရိုးတွင်းခြင်ဆီ လိုက်ရှာပေမဲ့ ကိုယ်ကလွဲပြီး ကိုက်တာ မရှိဘူး။ စောင့်နေရင် ပိုဆိုးမှာစိုးလို့ ကိုယ်လှူလိုက်တာ။ '

မျက်လုံးလေးတွေက စိုးရိမ်မှုတွေနဲ့ ဘာကို စိုးရိမ်လဲ ဂျုံးကု မခန့်မှန်းတတ်။

' အဲ့ကနေ မှတ်ဉာဏ်က အားနည်းသွားတာလား? ဘယ်လိုဆိုင်လို့လဲ '

' မေ့ဆေးဒဏ်ကြောင့်။ ကိုယ်က ‌ဉာဏ်ကောင်းလို့ Professor ဖြစ်လာတာ မဟုတ်ဘူး။ ငယ်ငယ်ထဲက ကိုယ်က ကိစ္စတိုင်းကို သိပ်မမှတ်မိပေမဲ့ ဝါသနာက ပန်းပုပညာရှင်မို့ ခေါင်းပူအောင် စာတွေ ထိုးထည့်ခဲ့တာ။ အများကြီး မေ့တတ်တယ်။ '

သက်ပြင်းချရင်းသာ နေမိတော့သည်။ ဒီလူ့အကြောင်း မသိတာတွေမှ အများကြီး။

' ခင်ဗျားရယ်.. '

' စိတ်ညစ်သွားလားဟင် '

တကယ် အဲ့မျက်လုံးတွေက ဘာလဲ?

' မညစ်ဘဲ နေမလား? လမ်းပျောက်လို့ ဖုန်းနံပါတ်တောင် မမှတ်မိလို့ ကျနော့်ကို မဆက်သွယ်နိုင်တာက အဆင်ပြေတာလား ဦးရာ။ ကျနော်ကတော့ ဒါတွေကို မသိဘဲ.. '

အပြစ်တွေချည်း တင်နေခဲ့တာ။

' ထားချင်ပြီလား~ '

UNTIL {Completed}Tempat cerita menjadi hidup. Temukan sekarang