အပိုင်း (၂၄)

2.2K 271 93
                                    

(Unicode)

အပိုင်း (၂၄)

နှိုးစက်ပေးထားတာကို အိပ်မောကျသွားတာမို့ ဂျုံးကု ချိန်းထားချိန်ထပ် ၁၅ မိနစ်လောက် နောက်ကျသွားရသည်။

နိုးနိုးချင်း ဖုန်းကောလ်ကို ကြည့်တော့ တစ်ခါသာ ခေါ်ထားသည်။ မစောင့်ဘဲများ ထွက်သွား နှင့်ပြီလားလို့သာ ဂျုံးကု တွေးမိတော့သည်။

ဖုန်းကို ပြန်မခေါ်ဖြစ်ဘဲ ရမ့်အိမ်ကို အမြန်မောင်းရသည်။

အိမ်ရှေ့မှာ ထိုင်နေတာ မြင်တော့ ကားပေါ်က အမြန်ဆင်းလိုက်ပြီး

' ကျနော်နောက်ကျသွားတယ် '

အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း လက်နှစ်ဖက်ကို ယှက်ကာ ရပ်နေသည့် ဂျုံးကုမှာ တရိုတသေ။ ဟုတ်သည်လေ ရမ်က အချိန်ဆို တိကျမှ ကြိုက်တတ်သည်။ သူသေချာပေါက် အငေါက်ခံရတော့မှာ။ စ

ဘယ်သူမှလည်း မကြိုခိုင်းဘဲ ဂျုံးကုကိုက လာကြိုမယ် ပြောနေခဲ့တာ ဖြစ်ပြီး ကိုယ့်အမှား ဆိုတာက သိသာနေသည်မို့ သူ့ဘက်က ရိုကျိုးမှ ဖြစ်မည်။

ခြံတံခါးရှေ့မှာ ငုတ်တုတ် ထိုင်နေသည့် ငွေရောင် ဆံပင်နဲ့ ရမ်။ သူရောက်လာသည်အထိ မထသေးဘဲ ‌မြေပြင်က စိန်ပန်းပွင့် ကြွေတွေကို လက်နဲ့ တို့ပြီး နေနေသည်။

ဂျုံးကု ထိုင်ချပြီး မျက်နှာကို ငုံ့ကြည့်လိုက်သည်။

' ရမ်။ ကျနော်တောင်းပန်ပါတယ်။ '

မော့ကြည့်လာသည့် မျက်နှာက လိမ္မာရောင် ပြေးနေသည်။ ပါးပေါ်က လိမ္မော်ရောင် ဖျော့ဖျော့က ပြေပြေလေး ပြန့်နေပြီး မျက်ခွံပေါ်က အလက်ပါသည့် လိမ္မော်ရောင် eyes shadow.. နှုတ်ခမ်းပါး ပေါ် တပြေးထဲ ဖြစ်နေသည့် အသားရောင် နှုတ်ခမ်းနီ အတွင်းသားမှာရော ဖြည့်ဆိုးထားသည့် လိမ္မော်ရင့်ရောင် gloss.. တစ်ချောင်းချင်း အချိန်ပေး ကပ်ထားရတာ ဆိုပြီး ပြောဖူးသည့် မျက်တောင် ကော့ကော့လေးတွေ။

ရမ်က make up artist ဖြစ်သင့်တာ..

' ရမ်။ ကျနော့်ကို စကားမပြောတော့ဘူးလား။ မွေးနေ့ရှင်က စိတ်ကောက်ရလားလို့ ! '

' မကောက်ပါဘူး။ တို့ခြေထောက်တွေ ဘယ်လောက် ညောင်းနေလဲ သိလား။ '

UNTIL {Completed}Where stories live. Discover now